part. 58
2.7K 376 24
Zawgyi
စုံညီသွားတဲ့မိသားစုလေး
ဝမ်ရိပေါ် က ရှုပ်ထွေးတဲ့ သိုင်းလောကကို အနေကျအောင်ဖြေရှင်းပြီး ဂိုဏ်းကို ကြိုမပြောဘဲ တိတ်တိတ်လေး နဲ့ ပြန်လာသည်။ အကြောင်းမှာ သူက ရှောင်ကျန့် နဲ့ သူ့ကလေးတွေကို မမျှော်လင့်ဘဲ အံ့အားသင့်ပြီး ပျော်ရွှင်အောင် လုပ်ချင်လို့ဖြစ်သည်။
ဒါပေမဲ့ သူ ကျောက်စိမ်းနန်းတော်ကို ပြန်ရောက်တော့ ရှောင်ကျန့် တို့ကို မတွေ့ရဘဲ တိတ်ဆိတ်နေတဲ့ အဆောင်ကိုသာ တွေ့ရသည်။
ဝမ်ရိပေါ် က မတတ်နိုင်စွာနဲ့ ရှောင်ကျန့်တို့သားအဖကို ဂိုဏ်း၏ နေရာအနှံ့မှာ လိုက်ရှာရသည်။ ဒါပေမဲ့ သူ့ရဲ့ အချစ်တုံးလေး သုံးဦးတို့က ပျောက်ချက်ကောင်းပြီး သူတို့ရဲ့ အရိပ်တောင် မမြင်ရပါ။
ထိုကြောင့် သူက ဂိုဏ်းကို အချိန်မလပ် စောင့်ရှောက်တဲ့ စောင့်ရှောက်သူတွေဆီကို သွားပြီး မေးလိုက်ရသည်။
စောင့်ရှောက်သူအကြီးကဲ က ဂိုဏ်းကို တိတ်တိတ်လေး ပြန်လာပြီး မိသားစုလေးကို အံ့အားသင့်အောင် လုပ်ချင်တဲ့ ဂိုဏ်းချုပ်လေးက သူရဲ့ ပစ်မှတ်ပျောက်ပြီး ကူရာမဲ့စွာ နဲ့ သူတို့ဆီကို လာမေးတာကို တွေ့တော့ သဘောကျစွာ ပြုံးလိုက်ရသည်။
အဝေးက အပြေးလွှားပြန်လာတဲ့ ဂိုဏ်းချုပ်လေးကို သနားသောအားဖြင့် သူရှာဖွေတဲ့ အမွှေစိန်သုံးဦးတို့ရဲ့ နေရာကို ပြောပြလိုက်သည်။
ထိုနောက် ဝမ်ရိပေါ် က သူ့မိသားစုအချစ်လေးတွေကိုတွေ့ဖို့ တောင်ပေါ်ကို အပြေးကလေးဖြင့် တက်လာရသည်။
တောင်ပေါ်ရောက်တော့ အရိပ်ရတဲ့ သစ်ပင်အောက်မှာ ပျော်ရွှင်စွာ နဲ့ စကားနှောင်ဖွဲ့တဲ့ သူ့ရဲ့ မိသားစုလေးကို တွေ့လိုက်ရသည်။
သူ မျှော်လင့်ထားတာနဲ့ နည်းနည်းလွဲသွားပေမဲ့ ဝမ်ရိပေါ် က ရှောင်ကျန့် နဲ့ သူ့သားသားမီးမီးတွေကို အံ့အားသင့်သွားအောင် လုပ်ချင်လို့ သူတို့တွေ စကားပြောပြီး မှ သူတို့ကို ရုတ်တရပ် ကိုယ်ထင်ပြဖို့ တွေးလိုက်သည်။
ထိုကြောင့် သူက သူတို့မမြင်အောင် ကိုယ်ဖျောက်ပြီး ပုန်းလိုက်ရင်း အခွင့်ရေး စောင့်လိုက်သည်။