part. 57
3.7K 458 31
Zawgyi
မတွေ့ရတာကြာပြီ ကိုယ် ပြန်လာပြီ
" အာ... ပါးပါး ပါလား... "
ရှောင်ကျန့် က ဝမ်ရှောင်ယွီ ရဲ့ ရေရွတ်သံကို ကြားမှ ငေးမောနေတာရပ်ပြီး သူမကို ပြုံးပြလိုက်သည်။ သူ့အပြုံးသည် ဥာဏ်များသည့် အသွင်နဲ့ ပြည့်နေသည်။
ဝမ်ရှောင်ယွီ က တိတ်တဆိတ် တံတွေးမြိုချမိလိုက်သည်။ဘာလို့များ သူမကို မြေခွေးမိစ္ဆာ လှည့်စားတော့မယ် လို့ ခံစားနေရလဲမသိ။
ဝမ်ရှောင်ယွီ က ရှောင်ကျန့် ရှိတဲ့ သစ်ပင်အရိပ်ရတဲ့ နေရာကို လျှောက်လာသည်။ ထိုနောက် မျက်နှာချိုသွေးပြီး လှလှလေး ပြုံးပြလိုက်သည်။
" ပါးပါး ဒီနေရာကို ဘယ်လိုလုပ် ရောက်လာတာလဲဟင်... ပါးပါးက သိုင်းလေ့ကျင့် ရေးကွင်းမှာ သွားပြီး သိုင်းကျင့်မှာ မဟုတ်လား... " ရှောင်ယွီလေးက တတ်နိုင်သလောက် အသံကို ချိုချိုလေးပြောပြီး ချစ်စဖွယ် ပြုံးလိုက်သည်။
" အော်... ပါးပါး သိုင်းကျင့်ပြီးပြီလေ။ ဒါနဲ့ ရှောင်ယွီလေး နဲ့ ပိုင်ယွိလေးတို့က စာကြည့်တိုက်မှာ စာလုပ်ရမှာ မဟုတ်လား။ဒီကို ဘာလာလုပ်တာလဲ စာလုပ်လို့ပြီးကြပြီလားဟင်... "
ရှောင်ကျန့် က ရှောင်ယွီလေး ကို ပြုံးပြပြီး နူးညံ့တဲ့လေသံနဲ့ မေးလိုက်သည်။ သူ့ပုံစံဟာ သဘောကောင်းတဲ့ ဖေဖေကြီး နဲ့ တူနေသည်။
ဒါပေမဲ့ ဝမ်ရှောင်ယွီ က နူးညံ့စွာ ပြုံးနေတဲ့ သူ့ပါးပါး ရဲ့ လှပတဲ့ မျက်နှာလေးကို ငေးကြည့်ပြီး အဖြေမပေးနိုင်ပါ။ သူမ ပါးပါးကို တခါမှ မလိမ်ဖူးဘူး။ အခုလည်း မလိမ်ချင်ဘူး။ ဒါကြောင့် စိတ်ကို တင်းပြီး အမှားကို ဝင်ခံဖို့ပြောလိုက်သည်။
" ပါးပါး ရှောင်ယွီလေး နဲ့ ပိုင်ယွိလေးတို့က စာလုပ်လို့မပြီးသေးဘူး... ဒါပေမဲ့ ဒီကပြန်ရင် စာကို ပြီးအောင်လုပ်ရမှာပါ... ပြီးတော့ ဒီကို ခိုးလာတာ..." ဝမ်ရှောင်ယွီ က အမှန်တရား ကို အကုန်မပြောပေမဲ့ ထိုက်သင့်သလောက်တော့ ပြောလိုက်သည်။ သူမရဲ့ လျှို့ဝှက်ချက် ကို သူမ ပါးပါးကို မသိစေချင်သေးဘူး။