59.
2.5K 336 13
Zawgyi
ရေကန်နားက မိသားစု မက်မွန်သီးစားပွဲ
အေးချမ်းတဲ့ ညနေစောင်း အချိန်မှာ တောင်ပေါ်က လမ်းလေးတွင် မိသားစုလေးယောက်က အတွဲညီစွာ နဲ့ တောင်ပေါ်က ဖြည်းဖြည်းလေး ဆင်းလာကြသည်။
ရှောင်ကျန့် က လက်နှစ်ဖက် နဲ့ ကလေးနှစ်ယောက်ကို တစ်ဖက်ဆီ ချီထားတဲ့ ဝမ်ရိပေါ် ကို ကြည့်ပြီး သဘောကျစွာ ပြုံးနေသည်။
ဝမ်ရှောင်ယွီ က တတ်ကြွစွာ ပြုံးနေတဲ့ ဝမ်ပိုင်ယွိ ကို လှမ်းကြည့်ပြီး နှုတ်ခမ်းမဲ့လိုက်သည်။
ဝမ်ပိုင်ယွိ က သူ့ ဒီသုံးနှစ်အတွင်း မတွေ့ဖူးတဲ့ သူ့ဖေဖေကို တွေ့ရတော့ တတ်ကြွစွာ နဲ့ သူနဲ့ဝမ်ရှောင်ယွီကို ချီဖို့ ပူဆာသည်။
ထိုကြောင့် ဝမ်ရိပေါ် က သန်မာတဲ့ ဖေဖေဆိုတာ
ကို ပြဖို့ သူ့ရဲ့ ကလေးနှစ်ယောက်ကို လက်တစ်ဖက်ဆီ ချီပြီး သက်သက်သာသာ အေးအေးဆေးဆေးနဲ့ တောင်ပေါ်ကနေ ဆင်းလာသည်။ သူက လမ်းခုလတ်မှာ တောင်လမ်းမကနေ ဘေးဘက်က သစ်ပင်ထူထပ်တဲ့တောထဲကို ကွေ့ပြီးဝင်သွားသည်။
ရှောင်ကျန့် က အံ့ဩသွားပြီး ဝမ်ရိပေါ် ကို မေးလိုက်၏။
" လမ်းကနေ ဘယ်ကိုသွားမလို့လဲ "
ဝမ်ရိပေါ် က နှုတ်ခမ်းတွန့်ပြုံးပြီး ပြောလာသည်။
" ကိုယ့်နောက်ကို လိုက်ခဲ့ ပျော်ဖို့ကောင်းတဲ့နေရာကို ခေါ်သွားမယ် "
ရှောင်ကျန့် က ဝမ်ရိပေါ် ကို ကြည့်ပြီး တိတ်တိတ်လေးပဲ လိုက်လာသည်။
သစ်ပင်နဲ့ ပန်းပင်များစွာကို ကျော်ဖြတ်လာပြီးနောက် လှပတဲ့ ရေကန်ငယ်တစ်ခုကို ရောက်လာသည်။ ရေကန်တဝိုက်မှာ တောပန်းလေးများစွာက ဖူးပွင့်နေကြသည်။ တောကောင်ငယ်လေးဖြစ်တဲ့ ယုန်ကလေးတွေ နဲ့ ရှဥ့်ကလေးတွေ က ဟိုတစ်စု ဒီတစ်စုနဲ့ ရေကန်နဲ့ မဝေးမှာ ကျက်စားနေကြသည်။
အထူးခြားဆုံး က မက်မွန်ပင်ရှည်ကြီးတစ်ပင်က ရေကန်နဲ့ မဝေးမှာ ရှိနေပြီး ပင်လုံးကျွတ် အသီးလုံးများစွာ နဲ့ ပြည့်အောင်သီးနေသည်။
ဝမ်ပိုင်ယွိ က အံ့ဩတကြီးနဲ့ မျက်လုံးအိမ်ကျယ်လာပြီး အသံဆာဆာလေးနဲ့ ပြောလာသည်။