73
1K 150 19
((Z))
- ရှောင်အိမ်တော်၏ ခန်းမအတွင်း-၂
ဝမ်ရိပေါ် က ကလေးအတွက်ပြင်ထားတဲ့ စာပွဲဝိုင်းမှာ ထိုင်ပြီး ပိုင်ယွိလေး ကို မုန့်ယူပေးလိုက်၊ ရှောင်ယွီလေး ကို မုန့်ထည့်ပေးလိုက်နဲ့ အလုပ်ရှုပ်နေပြီး ရှောင်ချင်းဖုန်း နဲ့ ရှောင်ကျန့် တို့ အကြည့်ချင်းဆိုင်နေမှုကို သတိမထားပါဘူး။
ဒါပေမဲ့ သူက သူ့ကျန့်ကျန့်က အကောင်းဆုံး ဆုံးဖြတ်ချက်ဖြင့် ရှောင်မိသားစု နဲ့ ပြေလည်အောင် ဆက်ဆံနိုင်မယ်ကို ယုံကြည်သည်။ ဒါကြောင့် သူ့ကျန့်ကျန့် ဘယ်လိုဘဲ ဆုံးဖြတ်ချက် ချပါစေ သူကတော့ ထောက်ခံမှာပဲ။
ရှောင်သခင်မက အကြည့်ချင်းဆိုင်နေတဲ့ ရှောင်ကျန့်တို့ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူမက ရှောင်ကျန့် နဲ့ သိပ်မတည့်သလို အခုချိန်မှာ သူ့ကိုလည်း အပြစ်မပြုချင်လို့ ဘာမှ ဝင်ပြောစရာမရှိပါ။
အတန်ကြာမှ ရှောင်ကျန့် က အရင်စကားစသည်။
" အဖေ... ကျွန်တော် အရေးကြီးတာ ပြောစရာရှိတယ်"
<<<အရင်အပိုင်းကစာကို နည်းနည်းယူလာတယ်။ မအပ်တာကြာတော့ မေ့သွားမှာဆိုးလို့။>>>
ထိုသို့ကြားတော့ စိတ်တွေ အနည်းငယ် တည်ငြိမ်လာတဲ့ ရှောင်ချင်းဖုန်းက စိတ်ဝင်တစားနဲ့ ဖြစ်သွားသည်။
" ဘာတွေကို အရေးတကြီး ပြောစရာရှိလဲ... "
ရှောင်ကျန့် က ရှောင်ချင်းဖုန်း ကို ကြည့်ပြီး သူတို့မိသားစု နန်းမြို့တော်ကနေထွက်သွားဖို့ကို တည်ငြိမ်စွာ ပြောလိုက်သည်။
" ကျွန်တော်တို့ မိသားစု က တော်ဝင်နန်းတော်ကနေ ထွက်သွားကြမယ်။
ပြီးတော့ ဝမ်ကောကော က အိမ်ရှေ့စံ နေရာကို စွန့်လွတ်ဖို့ ဆုံးဖြတ်လိုက်ပြီး။
ကျွန်တော်တို့မိသားစု လောကတစ်ခွင်ကို လျောက်ပတ်ဖို့ နန်းမြို့တော်ကနေ ထွက်သွားတော့မလို့ ဒါကြောင့် အဖေသိအောင် လာပြောပြီး လာနှုတ်ဆက်တာ။ "
"ဘာ!!!...
ဘာပြောတယ် " ရှောင်ချင်းဖုန်းက ရှောင်ကျန့် စကားတွေကို ကြားတော့ မယုံနိုင်စွာနဲ့ ဖြစ်သွားပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။