83
621 69 2
((Z))
- ဂိုဏ်းသုံးခုရဲ့ ပြိုင်ပွဲ - ၁
ရှောင်ကျန့်က ဧည့်ကြိုစံအိမ်တွင် နေထိုင်ပြီး ကလေးတွေနဲ့ အဖော်ပြုကစားနေသည်။
ဝမ်ရိပေါ်က ရှောင်ကျန့်နဲ့ ကလေးတွေကို တွေ့ချင်ပေမဲ့ သိုင်းလောကသားတွေက သူ့ကို ဂရုစိုက်နေလို့ သူ့စိတ်ကိုထိန်းချုပ်ရသည်။
ဒီနှစ်ရက်အတွင်း သိုင်းလောကသားတွေက ဧည့်ကြိုစံအိမ်တစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုနေကြပြီး အချင်းချင်းပညာလှယ်ကြတာလည်း ရှိသည်။
လျှိ့ဝှက်ဂိုဏ်းမှ ဂိုဏ်းသားတွေက သူတို့ကို လိုလေသေးမရှိ ဧည့်ခံကြလို့ သူတို့နှစ်ဖွဲ့က ပြသနာဖြစ်တာမရှိခဲ့ဘူး။
ဒါပေမဲ့ အရက်မူးနေတဲ့ သိုင်းသမားတစ်ယောက် နတ်မိမယ်ဂိုဏ်းက ဂိုဏ်းသူတစ်ယောက်၏ မျက်နှာကိုမြင်ချင်လို့ သူမကို နှောက်ယှက်ရာမှ သူမဆီက မူးမေ့သတိလစ်သွားတဲ့အထိ အတီးခံရတာ ရှိခဲ့သည်။
ထိုအမူးသမားရဲ့ သူငယ်ချင်းတွေက ပြသနာကို ရှာချင်ပေမယ့် ဝမ်ရိပေါ်က သူတို့ကို ထိန်းသိမ်းလိုက်သည်။
နောက်တခုက သိုင်းသမားတွေက သီးသန့်တားမြစ်ထားတဲ့ နေရာကို လေ့လာချင်ကြလို့ ခိုးဝင်တာလည်း ရှိခဲ့တယ်။
ဒါပေမဲ့ ထိုနေရာကို စောင့်တဲ့ဂိုဏ်းသားတွေရဲ့ ပညာပေးချင်းကို ခံလိုက်ရပြီး မူးမေ့သတိလစ်စွာနဲ့ သူတို့အခန်းကို ပြန်ပို့ခံရခဲ့သည်။
ဒီနှစ်ရက်အတွင်း ထွေထွေထူးထူးပြသနာ မရှိပေမဲ့ အထက်ပါဖော်ပြတဲ့အတိုင်း သိုင်းလောကသားတွေက အနည်းငယ်ထိခိုက်မှုရှိခဲ့တယ်။ ဒါပေမဲ့ သူတို့ အရင်စလို့ ဖြစ်ရတဲ့အတွက်ကြောင့် ဝမ်ရိပေါ် ရဲ့ သတိပေးမှုကို ရရှိကြပြီး နောက်ထပ်ပြသနာကို ရှာဖို့ မလုပ်ကြတော့ဘူး။
ဒီလိုနဲ့ ဂိုဏ်းသုံးခုရဲ့ ပြိုင်ပွဲကို ကျင်းပမယ့်ရက်ကရောက်လာတယ်။
မနက်စောစော နေရောင်စမြင်တဲ့အချိန်မှာ ရှောင်ကျန့်က ဂိုဏ်းသုံးခုရဲ့ တာဝန်ခံတွေနဲ့အစီရင် ဆရာတွေကိုခေါ်ပြီး လျှိ့ဝှက်လမ်းကို ဖွင့်ခိုင်းလိုက်သည်။