part - 19 ( Z+U )
12K 1.1K 22
[Zawgyi]
နောက်ဆိုရင် အပေါ်မှာ နေမယ်လို့
နွေးထွေးတဲ့ နေရောင်တို့နှင့်  တိမ်ကင်းစင်သော  နေ့လယ်ခင်းလေးတစ်ခုမှာ ရှောင်ကျန့် ဟာ ထိတ်လန့် နာကျင်မှုတို့ နဲ့ အတူနိုးထလာသည်။
သူ ကြောက်စရာ ကောင်းတဲ့ အိမ်မက်တစ်ခုကို မက်ခဲ့တယ်။ အိမ်မက်ထဲမှာဆိုရင် သူ့ကို ဝမ်ရိပေါ်ဟာ အိပ်ယာပေါ်မှာ စိတ်ကြိုက် အနိုင်ကျင့်နေသည်။
ကြောက်စရာကောင်းပြီး တကယ်ကို ဆိုးရွားတာက သူပါ အလိုတူအလိုပါ ဖြစ်ခဲ့တာ။ အဲ့ဒါဟာ အိမ်မက်ဘဲဖြစ်မယ် တကယ်မဖြစ်နိုင်ဘူး ဒါပေမဲ့ သူက အမှန်တကယ် ဖြစ်ခဲ့သလို ခံစားရတယ်။ ဒါထက် သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။ အထူးသဖြင့် ခါးတစ်လျှောက် နဲ့ အောက်ပိုင်းတစ်ခုလုံးဟာ တစ်ကယ်ဘဲ နာနေသည်။
ရှောင်ကျန့် သည် ဘာဖြစ်လို့ နာရတာလဲကို အဖြေရှာတဲ့အခါ တွေးရင်းနဲ့ သူတို့ ဖြစ်ခဲ့တဲ့ ညက အကြောင်းကို သတိရသွားသည်။ အဲဒီ ည အချိန် မှာ သူ့ကို ဝမ်ရိပေါ်ဟာ တကယ် လုပ်ခဲ့သည်။ အိမ်မက် မဟုတ်ဘူး အဲ့ဒီ အချိန် မှာ သူတို့သည် အသိစိတ်တွေနဲ့ မထိန်းချုပ်နိုင်တော့အောင် ကာမမှာ ပျော်ဝင်ခဲ့ကြသည်။
ရှောင်ကျန့် ဟာ တွေးရင်း တွေးရင်းနဲ့ အရာအားလုံးကို သတိရပြီး ပြန်မြင်ရလို့ အတွေးဆုံးတဲ့အခါ ဆက်ခနဲ လဲတာကနေ အလျင်မြန် ထထိုင်လိုက်လို့ ညည်းမိသွားသည်။
" အ့... နာတယ် "
ရှောင်ကျန့် မှာ နာကျင်မှု ခံစားရပြီး အကြောင်းရင်းအားလုံးကို သိရှိသွားလို့ ကတုန်ကယင် ဖြစ်သွားသည်။ သူသည် မရဲတရဲ နဲ့ ဘေးကို ကြည့်လိုက်သည်။ ထိုအခါ သူ့ရဲ့ ဘေးက ကုတင်ပေါ်မှာ အဝတ် ဗလာနဲ့ အိပ်ပျော်နေသူကို ထင်ထားသလို မတွေ့ရသလို သူ့ကိုသူ ပြန်ကြည့်လိုက်တော့ မမြင်ချင်တဲ့ သွေးတွေ နဲ့ အဖြူရောင် အရည်တွေဟာ သူ့အောက်ပိုင်း တစ်ခုလုံး မှာ ပေပွနေသည်လည်း မဖြစ်ခဲ့ပါ။ထိုအစား အဖြူရောင် အတွင်းဝတ် ဝတ်စုံကို ဝတ်ဆင်ထားပြီး
ကုတင်ပေါ်က အခင်းမှာလည်း မြင်မကောင်းအောင် သွေးစလေးတွေနဲ့ အဖြူရောင်အရည်တွေသည် ပေကျံမနေပါ။