part -7 (Z+U)
12.2K 1.2K 23
[Zawgyi]
စံအိမ်ကလူများ
နောက်တစ်နေ့မှာ ရှောင်ကျန့်တို့က မြို့ပြင်က တောင်ကုန်းပေါ်မှာ ရှိတဲ့ အေးချမ်းပြီး လှပတဲ့ ဝမ်ရိပေါ် ရဲ့ စံအိမ်ကို ပြောင်းရွေ့လာတယ်။
ရှောင်ကျန့် က နန်းတော်အပြင်မှာ နေမယ်လို့ မင်းကြီးနဲ့မိဖုရားကြီး ကြားရတဲ့အခါ အစမှာ မိဖုရားကြီးက ပီတိဖြစ်သွားပြီး မင်းကြီးက သဘောမတူချင်ပေမဲ့ ဝမ်ရိပေါ် ရဲ့ စံအိမ်မှာ နေမယ်လို့ သိရတော့ ဝမ်းမြောက်ဝမ်းသာနဲ့ သဘောတူပြီးသူတို့ကို စံအိမ်ထိတောင် ကိုယ်တိုင် လိုက်ပို့ပြီး သက်ဆုံးတိုင်နေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်သေးတယ်။
မင်းကြီးက ရှောင်ကျန့် နဲ့ ဝမ်ရိပေါ် အတူနေမှာသိတော့ သူ့သားတော်အတွက် စိတ်ချသွားသည်။ မိဖုရားကြီက နည်းနည်း စိတ်ပျက်သွားတယ် သူမမလိုချင်ဘူး ဝမ်ရိပေါ် နဲ့ ရှောင်ကျန့် တည့်သွားမှာကို။
+++++++ +++ +++ +++
မြို့ပြင်က တောင်ကုန်းပေါ်ရှိ စံအိမ်ရဲ့ စည်းဝေးခန်းမှာ ရှောင်ကျန့် က ဝမ်ရိပေါ် ရဲ့ စံအိမ်က လူ ငါးဦးကို လေ့လာကြည့်နေသည်။  အခုမှာ ဝမ်ရိပေါ်က ရှောင်ကျန့် ကို စံအိမ်ရဲ့ လူတွေနဲ့ မိတ်ဆက်ပေးနေတယ်။ ပြသနာကတော့ စံအိမ်မှာ ရှိတဲ့လူတွေက သူနဲ့ အားလင်ကို သိပ်မကြည်တာဘဲ။ဒါပေမဲ့ ဝမ်ရိပေါ် က သူ့ကို တစ်ယောက် ချင်းနဲ့ သေသေချာချာ မိတ်ဆက်ပေးလို့ သူလည်း အလေးထားကာ နှုတ်ဆက်တယ်။
ဝမ်ရိပေါ် က အသက် သုံးဆယ်အရွှယ် ဦးလေး ကို ရှောင်ကျန့် နဲ့ မိတ်ဆက်ပေးနေတယ်။
" ဒါက ကျွန်တော့် ကြင်ယာတော် ရှောင်ကျန့်ပါ... ရှောင်ကျန့် ဒါက ဦးလေးလု လုချန်းဖူ သူက ဒီစံအိမ်မှာ အကြီးကဲတစ်ယောက်ဘဲ သူ့ကို ရိုသေလေးစားနော် ဒါမှ ငါမရှိတုန်း မင်းကို စိတ်ချရမှာ "
ထိုစကားကိုကြားတော့ ရှောင်ကျန့် က ဦးလေးလု ကို ရိုသေစွာ နှုတ်ဆက်လိုက်တယ် ။
" ဦးလေးလု ကျွန်တော် က ရှောင်ကျန့် ပါ အခုကစပြီး ဒီမှာ နေမှာပါ ကြည့်ရှုစောင့်ရှောက်ပေးပါအုံး "
လုချန်းဖူ က ရှောင်ကျန့် ကို ကြည့်ပြီး မရိုင်းတတ်သဖြင့် စိတ်မပါသလိုနဲ့ ခေါင်းညိတ် ပြလိုက်တယ်။ သူက သူ့သခင်လေးက ယောက်ျားလေး ကို လက်ဆက်တာ သဘောမတွေ့တော့ ရှောင်ကျန့် ကို သိပ်မကြည်ဘူး။ ဒါပေမဲ့ ရှောင်ကျန့် က အရမ်း ချောမောလှပတာကိုတော့ သူမငြင်းဘူး ဒါပေမဲ့ လည်း သူသဘောမတူသေးဘူး။