part - 5 (Z+U)
14K 1.4K 71
[Zawgyi]
ခါးသက်တဲ့ ဆေး
သမားတော် က ရှောင်ကျန့် ကို စစ်ဆေး ပြီးတော့  အပ်ထုပ်ကာ ကုသလိုက်သည်။ သူ ကုသလို့ ပြီးတော့ ရှောင်ကျန့် ကိုယ်ပူချိန်ကျသွားပြီး ပုံမှန်စွာ အသက်ရှူပြီး နှစ်ချိုက်စွာ အိပ်ပျော်သွားသည်။ သမားတော် ဟာလည်း ကျိုချက်ရမဲ့ ဆေးတွေပေးပြီး နောက်ဆုံးမှာ သက်ပြင်းချပြီး စိတ်ချသွားသည်။
သူမသိခဲ့ဘူး အိမ်ရှေ့စံ က ကြင်ယာတော် ကို ဒီလောက်ထိ စိုးရိမ်မှာကို သူ့ကို ကြည့်တဲ့အကြည့်က အမှားတစ်ချက်ပါရင် ခေါင်းပြုတ်သွားမယ် ဆိုတဲ့အကြည့် ။
" ကြင်ယာတော် က အအေးမိပြီး ခန္ဓာကိုယ် လည်း အားနည်းနေတယ် ပြီးတော့ ကြီးမားတဲ့ စိတ်ထိခိုက်စရာ ဖြစ်ပေါ်သွားလို့ အခုလို ဖြစ်သွားတာပါ သူနိုးလားရင် ကျွန်တော် ပေးတဲ့ ဆေးကို တိုက်ဖြစ်အောင်တိုက်ပါ နူးညံ့ပြီး စားလွယ်တဲ့ အစာကိုဘဲ အရင်ကျွေးပါ...
(တကယ်ဆို ဆန်ပြုတ် မပြောရဲလို့ တော်ကြာ နေမကောင်းတဲ့ သူ့ကြင်ယာတော်ကို အားမရှိစေတဲ့အစားကိုစားစေချင်းဖြင့် ဆွဲချက်တင်ရင်တော့)
  ဆေးကို နေကောင်းတဲ့အထိ တစ်နေ့ နှစ်ကြိမ် ပုံမှန် တိုက်ပါ အခုတော့ ဒီလောက်ပါဘဲ ကျွန်တော့်ကို ခွင့်ပြုပါအုံး အိမ်ရှေ့စံ "
" ယဲ့လင် သမားတော် ကို လိုက်ပို့ပေးလိုက် "
ဝမ်ရိပေါ် က သမားတော်နဲ့ ယဲ့လင် ထွက်သွားတော့ အားလင်ကို ဆေးကျိုဖို့ ဆေးတွေပေးပြီး စားဖိုဆောင် က ကြီးကြပ်သူကို နူးညံ့ပြီး စားကောင်းသည့် အစားကို ချက်ခိုင်းလိုက်သည်။ သူကတော့ ရှောင်ကျန့် စောင့်ကြည့်ပေးပြီး စိတ်တည်ငြိမ်စေဖို့ အေးချမ်းပြီး သာယာတဲ့ ဗျတ်စောင်း သံစဉ် ကို တီးခတ်လိုက်သည်။
ရှောင်ကျန့် က အမြင့်ဆုံးတောင်ထိပ်မှာ ဓားတစ်လက်ကို ကိုင်ထားပြီး တောင်ကြားတွေမှာ ပေါက်ရောက်နေတဲ့ စားကောင်း သောက်ဖွယ်တွေကို ကြည့်ကာ သူ့ရှေ့က လမ်းပိတ်နေတဲ့ ဝမ်ရိပေါ် မျက်နှာနဲ့ လူဆိုးတွေကို ကြည့်ပြီး လေထဲမှာ ပျံသန်းကာ ကျွမ်းကျင်စွာ တိုက်ခိုက်လိုက်သည်။ ဝမ်ရိပေါ် တို့က တစ်ယောက်ပြီး တစ်ယောက် တောင်အောက် ကို တဖြုတ်ဖြုတ်ကျသွားသည်။