71.
1.7K 177 12
Zawgi
- နန်းမြို့တော်သို့ အလည်တစ်ခေါက်
မနက်ခင်းအချိန်ခါ နေမထွက်ခင်လေးတွင် အာရုဏ်ဦး၏ လေအေးလေးများတဖြူးဖြူးတိုက်နေသည်။ ထိုအချိန်တွင် မြင်းလှည်းနှစ်စီးက တိတ်ဆိတ်နေသေးတဲ့ တောင်ပိုင်းမြို့၏ လမ်းမကြီးကို ဖြတ်ကျော်ပြီး နန်းမြို့တော်ကို သွားသည့်လမ်းမပေါ်တွင် ဖြေးညင်းစွာ သွားနေသည်။
ထိုထဲကတစ်စီးက ရှောင်ကျန့်တို့မိသားစု မြင်းလှည်း ဖြစ်ပြီး နောက်တစ်စီးက မယ်တော်ကြီး၏ မြင်းလှည်းဖြစ်သည်။
မိုးစင်စင်မလင်းမီ ခရီးစထွက်ရတဲ့ ဝမ်ပိုင်ယွိလေးက အိပ်ငိုက်နေသေးသည်။ နေရာထိုင်ခင်းအကောင်းဆုံး ပြင်ဆင်ထားတဲ့ မြင်းလှည်းထဲမှာ သူ၏ မျက်တောင်လေးခတ်ရင်း အိပ်မငိုက်အောင်ကြိုးစားပြီး သူ့ပါးပါးကို မှီနေပြီး သိချင်တာကို မေးလေသည်။
" ပါးပါး ပိုင်ယွိလေးတို့ ဘယ်ကို သွားကြမလဲဟင်... "
ရှောင်ကျန့် က ပိုင်ယွိလေးကို ပြုံးပြပြီး...
" ပါးပါးတို့တွေ နန်းမြို့တော်ကို သွားပြီး ပိုင်ယွိလေးတို့ရဲ့ ဖိုးဖိုးကြီး နဲ့ အဖွားလေးတို့ကို သွားတွေ့ကြမယ်လေ... "
ဝမ်ပိုင်ယွိလေးက ထိုသို့ကြားတော့ ငိုက်နေတဲ့ မျက်လုံးလေက တလက်လက်လေး ဖြစ်သွားပြီး ပျော်ရွှင်စွာ မေးလိုက်သည်။
" ဝိုး... ပိုင်ယွိလေး မှာ ဖိုးဖိုးယွိ အပြင် ဖိုးဖိုးကြီး နဲ့ အဖွားလေးတို့လည်း ရှိသေးတယ်လား..."
" ပိုင်ယွိလေးမှာ ရှိတာပေါ့... "  ရှောင်ကျန့် က ခေါင်းညိတ်ပြီး ဖြေပေးလိုက်သည်။
" ဒါဆို သူတို့က ပိုင်ယွိလေးကို ချစ်ကြမှာလားဟင်...ရှောင်ယွီလေးကိုရောပဲ..." ဝမ်ပိုင်ယွိ လေးက သူ့ပါးပါးကို တောက်ပနေတဲ့ မျက်လုံး နဲ့ သိချင်စွာ မေးလိုက်သည်။
" ဒါပေါ့... သူတို့က ချစ်စရာကောင်းတဲ့ ပိုင်ယွိလေး နဲ့ ရှောင်ယွီလေး တို့ကို ချစ်ကြမှာ... " ရှောင်ကျန့် က ပြုံးပြီး ခေါင်းညိတ်ကာ ပြောလေသည်။
ဝမ်ရှောင်ယွီ က သူ့ဖေဖေ နဲ့ အတူ တက်ညီစွာမေးဖြေပြောဆိုကြတဲ့ သူ့ပါးပါး နဲ့ ပိုင်ယွိလေးကို အပြုံးလေးနဲ့ စိုက်ကြည့်နေပြီး ခေါင်းခါလိုက်ခေါင်းညိတ်လိုက် လုပ်နေသည်။