78
823 102 2
((Z))
- ပိုင်ယွိလေးနဲ့ရှောင်ယွီလေးတို့ရဲ့ နတ်ဘုရားနယ်မြေပန်းချီ-၂
ရှောင်ကျန့်က ပိုင်ယွိလေးနဲ့ရှောင်ယွီလေးတို့ရှိတဲ့နေရာနဲ့ မဝေးတဲ့ မျက်နှာချင်ူဆိုင် ဇရပ်တစ်ခုမှာ ရပ်နေပြီး ဟိုဘက်ဇရပ်ထဲမှာ ပန်းချီဆွဲနေတဲ့ ကလေးတွေကို လှမ်းကြည့်နေသည်။
ဝမ်ရိပေါ်က သူ့အနီးက ခုံမှာ ထိုင်နေပြီး ခုနတုန်းက သူဆွဲထားတဲ့ ပန်းချီကို ကြည့်နေသည်။
ဝမ်ရိပေါ်က ပန်းချီထဲက အိပ်ပျော်နေတဲ့ပိုင်ယွိလေးနဲ့ရှောင်ယွီလေးတို့ကို ကြည့်ပြီး သဘောကျနေပြီး၊
ပိုင်ယွိလေးတို့ဘေးက ဆေးရည်ဖျော်နေတဲ့ သူ့ပုံကို မြင်ရတော့ ပြုံးလိုက်သည်။
သူက ပန်းချီကားကို သေသေချာချာ ကြည့်ရှုနေပြီး အနားက ဂနာမငြိမ်တဲ့ လူကို လစ်လျှူရှုထားသည်။
ရှောင်ကျန့်က ပိုင်ယွိလေးနဲ့ရှောင်ယွီလေးတို့ကို ကြည့်ပြီး သူတို့ရေးဆွဲမယ့် ပုံတွေကို ခန့်မှန်းပြီး သူတို့ဘယ်အချိန်ဆွဲလို့ပြီးမှာကို မျှော်လင့်စောင့်စားနေသည်။
သူက ဇရပ်ထဲမှာ အငြိမ်မထိုင်ဘဲ ဟိုဘက်ဇရပ်ထဲကကလေးတွေကိုသာ ရပ်ကြည့်နေသည်။
သူက တခါတလေ ထိုင်ပြီး မကြာခဏ ဟိုဘက်က ဇရပ်ကိုလှမ်းကြည့်ပြီး ပြန်ရပ်ပြန်သည်။
ဝမ်ရိပေါ်က ပန်းချီကားကို ကြည့်ရှုလို့ပြီးတော့ ရပ်နေတဲ့ လူကို ကြည့်လိုက်ပြီး
" ကျန့်ကျန့် ဒီမှာ လာထိုင် "
ရှောင်ကျန့်က သူ့ကိုလှည့်ကြည့်လိုက်ပြီး
" ဝမ်ကောကော အခုမှ ကျန့်ကျန့်ကို သတိရတယ်နော်"
ထိုသို့ကြားတော့ ဝမ်ရိပေါ်က ခေါင်းခါပြီး ပြုံးကာ စိတ်ကောက်ချင်နေတဲ့သူရဲ့ခါးကို ပွေ့ဖက်လိုက်သည်။
" ကလေးလို စိတ်မကောက်ချင်နဲ့လေ...
အခု ကျန့်ကျန့် က ပါးပါးဖြစ်နေပြီး... "
" ဘာကိုပြောတာလဲ...
ပါးပါးဖြစ်တော့ စိတ်ကောက်လို့မရတော့ဘူးလား"
" မဟုတ်ပါဘူး...
ကျန့်ကျန့် စိတ်ကောက်ချင်ရင်
ကိုယ်ချော့မယ်လေ.. "