part - 38
5.4K 667 12
[Zawgyi]
ငါတို့ လက်တွဲကြမယ်
ရှောင်ကျန့် က သူ၏ နီရဲနေပြီး ယောင်ကိုင်းတော့မဲ့ လက်ကောက်ဝတ်ကို မြင်ရတော့ နာကျင်စွာ နဲ့ အော်နေတဲ့ လုံရိဖုန်း ကို အေးစက်တဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။
" မျက်နှာဖုံးကောင်လေး မင်း ငါ့ကို စိတ်ဆိုးနေတာလား "
လုံရိဖုန်း က ထိုအေးစက်တဲ့ အကြည့်ကို တွေ့ရတော့ မရဲမဝံ့နဲ့ ရှောင်ကျန့် ကို မေးလိုက်၏။
" ဒီလောက်သေးသေးလေးနဲ့ နာနေတဲ့ လက်ကြောင့် ငါ မင်းကို စိတ်ဆိုးရအောင် ငါက ကလေးမှမဟုတ်တာ "
ရှောင်ကျန့် က ပြောပြီး တွေးလိုက်သည်။
/ စိတ်မဆိုးဘူးဟေ့ ငါ့ကို နာကျင်အောင်လုပ်လို့ ဒေါသထွက်တာ /
လုံရိဖုန်း က ရှောင်ကျန့် ရဲ့စကားကိုကြားရတော့ နာကျင်စွာ နဲ့ အော်တာကို ရပ်လိုက်ပြီး နာနေတဲ့ လက်ကို ဆန့်ပြီး ခါလိုက်သည်။ ထိုနောက် အနင်းခံရတဲ့ ခြေထောက်ကို ဆန့်ပြီး ခါကာ ရှောင်ကျန့် ကိုကြည့်ပြီး ပေါ့ပါးစွာ ပြုံးပြလိုက်သည်။
ဒါပေမဲ့ သူ့ရဲ့ အပြုံးဟာ ဝမ်ရိပေါ် ရှောင်ကျန့် ကို ရင်ခွင်မှာ ဆွဲဖက်တာမြင်တော့ အေးခဲသွားသည်။
" ကိုယ့်ရဲ့ ကျန့်ကျန့် ဘာဖြစ်သွားသေးလဲ "
ဝမ်ရိပေါ်ဟာ ရှောင်ကျန့် ကို ဖက်ထားပြီး သူလေး၏ နီရဲနေတဲ့လက်ကို ယူကာ အတွင်းအား နဲ့ ကုသပေးပြီး သူလေးရဲ့ မျက်လုံး လေးတွေကို ကြည့်ပြီးမေးလိုက်တယ်။
" ဝမ်ကောကော ကျန့်ကျန့် ဘာမှမဖြစ်တော့ဘူး အခု အဆင်ပြေတယ် "
ရှောင်ကျန့် က ပြောပြီး ဝမ်ရိပေါ် ရဲ့ နွေးထွေးတဲ့ ရင်ခွင်ထဲကို ပိုတိုးဝင်လိုက်သည်။ / ဒီနေရာမှာဆိုရင် ကျန့်ကျန့် အမြဲတမ်း အဆင်ပြေတယ် ဝမ်ကောကော /လို့ ရင်ထဲမှာ ပြောလိုက်သည်။
" အဆင်ပြေရင် ကောင်းတယ် ကိုယ့်အလုပ်တွေ ပြီးပြီး ကိုယ်တို့ အိမ်တော်ကို ပြန်ကြမယ် "
" အွန်း...  ကျန့်ကျန့် ဝမ်ကောကော နဲ့ အိမ်တော် ပြန်မယ် "
ရှောင်ကျန့် က ဝမ်ရိပေါ်ကိုမော့ကြည့်ပြီး ခေါင်းညိတ်ကာပြောလိုက်သည်။