part - 49
5.7K 626 20
[Zawgyi]
ဂိုဏ်းချုပ်အသစ်တင်မြှောက်ပွဲ
နေရောင်တောင်မဖြန့်ချီသေးသည့် မနက်ချိန်မှာ ကျောက်စိမ်းနှင်းဆီ ဂိုဏ်းက နန်းတော်မှာ ဂိုဏ်းချုပ် ဆက်ခံသူ ပွဲတော်ကို လာရောက်တဲ့ သိုင်းပညာရှင် ဧည့်သည်တော်တွေဖြင့် လူစုံနေသည်။
လျှို့ဝှက် ဂိုဏ်းသုံးဂိုဏ်းမှ အဆင့်မြင့် သိုင်းသမား တွေနှင့် ခွင့်ထူးခံ သိုင်းလောက ၏ ထိပ်သီးသိုင်းပညာရှင် အချို့တို့သည် ကျောက်စိမ်းနှင်းဆီဂိုဏ်း၏ ဂိုဏ်းချုပ် အသစ် တင်မြှောက်ပွဲကို လာရောက် ဂုဏ်ပြုပြီး အသိမှတ်ပြုကြသည်။
ဧည့်ဝတ်ကျေကြသည့် ကျောက်စိမ်းနှင်းဆီဂိုဏ်းက လူတွေကြောင့် သိုင်းပညာရှင် မိတ်ဆွေတို့က မတွေ့ရတာ အချိန်အတော်ကြာလို့ မိမိတို့ တွေ့ဆုံရသည့် အတွေ့အကြုံ တွေကို ဖလှယ်ရင်း ပွဲစမည့် အချိန်ကို မျှော်နေကြသည်။
မုရုန်ယွဲ့ သည် နတ်မိမယ်ဂိုဏ်းက ဂိုဏ်းချုပ် ဖြစ်သည့်အခါ သူမက ကျောက်စိမ်းနှင်းဆီဂိုဏ်းက ဂိုဏ်းချုပ်တင်မြှောက်ပွဲဖိတ်ကြားခြင်းကို လက်ခံရသည်။ သူမတို့၏ နတ်မိမယ်ဂိုဏ်းက ဂိုဏ်းချုပ်ဆက်ခံပွဲဟာ ရိုးစင်းပြီး သီးသန့်ဆန်သည်မို့ ကျောက်စိမ်းနှင်းဆီဂိုဏ်းက ဂိုဏ်းချုပ်ဆက်ခံပွဲနှင့် မတူညီဘဲ သူမက ဂိုဏ်းချုပ်သစ် ဖြစ်သည်ကို ဂိုဏ်းသုံးဂိုဏ်းကလူအများ သိပေမယ့်လည်း သူမကို ပေါ်ပေါ်ထင်ထင်မမြင်ဖူးကြပါ။ထိုကြောင့် သူမသည် ဒီအခွင့်ရေးကို လက်ခံပြီး သူမထင်ပေါ်လာဖို့ ကျောက်စိမ်းနှင်းဆီဂိုဏ်းကို ကိုယ်တိုင်လာရောက်လိုက်၏။
လုံရိဖုန်း က ကျောက်စိမ်းနှင်းဆီဂိုဏ်းက ဂိုဏ်းချုပ်ဆက်ခံပွဲဖိတ်ကြားခြင်းကို လက်ခံရတဲ့အခါ သူထင်တာကို အတည်ပြုဖို့ တတ်ကြွစွာ နဲ့ ဒီပွဲကို လာရောက်လိုက်သည်။ သူ မမျှော်လင့်တာက နတ်မိမယ်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သည့် မုရုန်ယွဲ့လည်းဒီပွဲကို လာရောက်တာကိုပါ။သူထင်တာမှန်ခဲ့ရင် မုရုန်ယွဲ့၏ ဖြစ်ပျက်သွားမည့် အမူယာကို တွေ့ချင်လွန်းလို့စိတ်ဝင်စားမိသည်။ ကျောက်စိမ်းနှင်းဆီဂိုဏ်းက ဂိုဏ်းချုပ်သစ်က ဘယ်သူလဲ ဆိုတာကို ကြေညာထားပေမယ့် မုရုန်ယွဲ့ က ဝမ်ရိပေါ် ကို မမြင်မချင်း ယုံလိုက်မည်မဟုတ်။ ပြီးတော့ အခု ဂိုဏ်းချုပ် တင်မြှောက်ပွဲမှာ ကြင်ယာတော်လည်းရှိပြီးသားမို့ သူမ လက်မခံချင်တာ သဘာဝပါလေ။