part - 50
3.7K 446 9
Zawgyi
ဂိုဏ်းချုပ်သစ်၏ ကောင်းကင် မီးပုံးပျံဆုတောင်းပွဲ
ဝမ်ရိပေါ် နဲ့ ရှောင်ကျန့် ရောက်လာတော့ အဖိုးယွိ သည် ဂိုဏ်းချုပ် တင်မြောက်ပွဲကို စလိုက်သည်။ အဖိုးယွိ က ဂိုဏ်းချုပ်တစ်ယောက်၏ တာဝန်၊ ကျင့်သုံးရမည့်အမှုအကျင့်နဲ့ နည်းလမ်းများကို စိတ်ရှည်စွာနဲ့ မိန့်ကြားတော့သည်။ ဝမ်ရိပေါ် နဲ့ ရှောင်ကျန့် တို့က ငြိမ်သက်စွာ နာခံနေသည်။ ကျောက်စိမ်းနှင်းဆီဂိုဏ်းသားများကလည်း ဂိုဏ်း၏ စည်းကမ်းများကို ငြိမ်သက်စွာ နာခံကြသည်။
အဖိုးယွိ က စည်းကမ်းများကို မိန့်ကြားပြီးတော့ ဝမ်ရိပေါ် ကို လိုအပ်သည်များနှင့် ဂိုဏ်း၏ ရတနဓား ကို အပ်နှင်းပြီး ဂိုဏ်းချုပ်သစ် ခန့်အပ်လိုက်သည်။
ဂိုဏ်း၏ ရတနဓား နဲ့ ဝမ်ရိပေါ် သည် ရှောင်ကျန့် နဲ့ အတူ စင်မြင့်ပေါ်မှာ ရပ်ပြီး ဂိုဏ်းသားများကို မိန့်ခွန်းအနည်းငယ် ဆိုလိုက်သည်။ ထိုနောက် သူတို့သည် ဂိုဏ်း၏ အရေးကြီးဆုံးပွဲကို လာရောက်ဂုဏ်ပြုကြသည့် သိုင်းလောက မိတ်ဆွေတွေကို နှုတ်ဆက်ပြီး လာရောက်ဂုဏ်ပြုကြတာကို ကျေးဇူးစကားဆိုလိုက်ကြသည်။
ဝမ်ရိပေါ် ၏ သိုင်းလောက မိတ်ဆွေတွေက ဝမ်ရိပေါ် နဲ့ ရှောင်ကျန့် ကို ကြည့်ပြီး အံ့ဩကြသလို ပျော်လည်းပျော်ကြသည်။ သူတို့ရဲ့ သူငယ်ချင်း ဖြစ်သူက ဝမ်တိုင်းပြည် ရဲ့ အိမ်ရှေ့စံ ဖြစ်သလို
ကျောက်စိမ်းနှင်းဆီ ဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ဖြစ်နေသည်။ဒီလိုမျိုး နောက်ခံနဲ့ မိတ်ဆွေကို သိုင်းလောကမှ သေသေချာချာ ရှာကြည့်ရင်တောင် ကံကောင်းပြီးတွေ့မယ်မထင် အခုလို အဆင့်မြင့်လွန်းတဲ့ သူနဲ့ သိကြတဲ့ အတွက် သူတို့သည် ထူးခြားစွာကံကောင်းလွန်းကြသည်။
ဝမ်ရိပေါ် နဲ့ ရှောင်ကျန့် တို့က သူတို့ကို အံ့ဩစွာ ကြည့်နေကြတဲ့ ကျန်းဟုန်တို့တတွေကို ပြုံးပြလိုက်ကြသည်။ သူတို့သည် လုံရိဖုန်း မုရုန်ယွဲ့ တို့နဲ့ လာရောက် ဂုဏ်ပြုပေးကြတဲ့လူတွေကို ကျေးဇူးစကားဆိုကြပြီး
ဂိုဏ်းချုပ်သစ်တင်မြောက်တဲ့ပွဲသည် အောင်မြင်စွာ နဲ့ ပြီးဆုံးသွားစေသည်။