part - 28
6.4K 864 26
[Zawgyi]
သူက တော်တော် ချမ်းသာကြွယ်ဝတာပဲ
ဝမ်ရိပေါ်သည် များပြားလှတဲ့ လူရှေ့မှာ ရှက်နေတဲ့ ရှောင်ကျန့် ၏ ခါးကို ဖက်ထားရင်း အထင်ကရ စားသောက်ဆိုင်သို့ ဆွဲခေါ်သွားလိုက်သည်။
ရှောင်ကျန့် ဟာ ရှက်လွန်းလို့ ခေါင်းငုံ့ ထားလိုက်တယ်။ စိတ်ဓာတ် ခိုင်မာတဲ့ သူ့လိုလူက လူအလယ်မှာ ဝမ်ရိပေါ် ပေးသည့် အနမ်းတစ်ခုကြောင့် စိတ်လှုပ်ရှားလွန်းလို့ ရင်ခုန်နေတာက တကယ်ကို ရှက်စရာကောင်းတယ်။
ဒါပေမဲ့ ဒါက သူ့ကို ပျော်ရွှင်စေသည်။ ဝမ်ရိပေါ် က သူ့ကို အခုလို ဆိုင်သူ အနေနဲ့ နမ်းတာကို သူ ကျေနပ်နှစ်သက်မိသည်။ သူကများ ဝမ်ရိပေါ် ကို ချစ်မိသွားပြီလား အား မဟုတ်ဘူး သူအတွေးလွန်သွားတာဘဲ ဒီအရာက မဖြစ်နိုင်ဘူး။
ရှောင်ကျန့် က အတွေးမျိုးစုံ နဲ့ အထင်ကရ စားသောက်ဆိုင် ရဲ့ သီးသန့်ခန်းကို ပြန်ရောက်လာသည်။ သူသည် အခန်းထဲမှာရောက်တော့ စားပွဲပေါ်မှာ တင်ထားတဲ့ စားစရာ ပူပူနွေးနွေးတွေကို တွေ့ရတဲ့အခါ မျိုးစုံတဲ့ အတွေးတွေက ပျောက်ကွယ်သွားပြီး အတွေးတစ်ခု တွေးမိတယ်။ အဲဒါဟာ သူ ဒီ စားကောင်းဖွယ် ကောင်းသည့် စားစရာတွေကို အလှကြည့်ယုံ နဲ့ မလုပ်သင့်ဘဲ အရသာကို ကောင်းမွန်စွာ ခံစားပြီး စားသုံးရမည်။
ဝတ္ထု ထဲမှာ အထင်ကရ စားသောက်ဆိုင်က သိုင်းလောက တစ်ခုလုံးရဲ့ စားစရာကောင်းတွေကို ရရှိတဲ့ စားသောက်ဆိုင် ဖြစ်ပြီး သိုင်းလောက ရဲ့ နံပါတ်တစ် စားသောက်ဆိုင် ဖြစ်သည်။
ဒီဆိုင်က ဟင်းဆို ဈေးကြီးလွန်း၍ တော်ဝင်မျိုးနွယ်တွေတောင် ထင်သလို မမှာစားနိုင်ဘူး။
ဒါပေမဲ့ ဝမ်ရိပေါ် က ဒီဆိုင်ကို ကြိုက်သလို မှာစားလို့ရသည်။ ဒါက သူ့မိတ်ဆွေ ရဲ့ ဆိုင်ဖြစ်ပြီး နောက်တခုက ဒီဆိုင်က ဈေးနှုန်းဟာ သိုင်းလောက ရဲ့ ယုံကြည်မှု ဘဏ်တိုက်ကို ပိုင်ဆိုင်တဲ့ ဝမ်ရိပေါ် အတွက် မပြောပလောက်ပါ။
ဟုတ်ပါသည် ဇာတ်လိုက်ဆိုတဲ့အတိုင်း ဝမ်ရိပေါ်ဟာ သိုင်းလောက မဝင်ခင် ဘက်မတူတဲ့ သိုင်းသမား တွေရဲ့ ငွေကြေးရေး သယ်ဆောင်မှု ပြသနာ နဲ့ ပိုင်ဆိုင်မှုကို လုယူခံရတဲ့ ပြသနာကို ဖြေရှင်းဖို့ အကြံကောင်းတစ်ခု ကို တွေးမိပြီး သိုင်းလောကကို ထွက်လာတာနဲ့ အားပြုစရာကောင်းတဲ့ ဘဏ်တိုက်တစ်ခုကို တည်ထောင်ခဲ့သည်။