part - 17 ( Z+U )
10.9K 1.2K 36
[Zawgyi]
ကျန့်ကျန့် ဒီည ကိုယ်နဲ့အတူ
နေရောင်နွေးနွေး နဲ့ နွေးထွေး သာယာသော မနက်ခင်းပိုင်းမှာ ဝမ်ရိပေါ် စံအိမ်၏ မက်မွန်ပင်အောက်တွင် ဝမ်ရိပေါ်ဟာ ရှောင်ကျန့် ကို သိုင်းပညာ သင်ပေးသည်။
ဟန်ချက်ညီစွာ နဲ့ မက်မွန်ပင်အောက်မှာ သိုင်းကစားနေတဲ့ ကြင်သူနှစ်ဦးကို ခပ်လန်းလန်းရှိ အပန်းဖြေဇရပ် မှာ ကြည့်နေတဲ့ ဦးလေးလု သည် ဘေးနားက ဇနီး ဖြစ်သူကို မေးလိုက်တယ်။
" စုစု... သခင်လေး ကို ကြည့်ပါဦး ဒီလိုမျိုး နေတာ ငါးရက်ရှိပြီ...သူပြောတာ ကြားရတော့ သိုင်းလောက က ပြသနာ ကို ဖြေရှင်းတာ မပြီးသေးဘူးတဲ့... ဒါတောင်မှ အခုထိ အဲဒီ အကြောင်းကို တစ်ခွန်းမှ မဟဘူး...
အစက ကိုယ်ထင်တာ ကြင်ယာတော်လေး ဒဏ်ရာ ပျောက်ရင် ချက်ချင်းဘဲ သိုင်းလောကရဲ့ ပြသနာ ကို အဆုံးသတ်ဖို့ ထွက်သွားမှာပေါ့...
ဒါပေမဲ့ ကြင်ယာတော်လေးလည်း ဒဏ်ရာ ပျောက်ကင်းသွားလို့ အမာရွက်တောင် ပျောက်ကုန်ပြီ... သခင်လေး က အခုထိ မပြီးပြတ်သေးတဲ့ ပြသနာ ကို ဖြေရှင်းဖို့ သိုင်းလောက ကို မသွားသေးဘဲ အခုလို အိမ်မှာပေကပ်နေတာ မမြင်ဖူးဘူး.... "
ပိုင်စုစု က သူ့ခင်ပွန်း စကား ကို ကြားတော့ ခေါင်းခါပြီး ပြောလိုက်တယ်။
" လုကြီး... ရှင် အချစ်ကို နားမလည်ဘူးလား ရိပေါ်လေး က ကျန့်လေး ကို ချစ်မဝသေးလို့ အချိန်ရတုန်း မတွေ့ရတဲ့ ရက်တွေအစား အတိုးယူပြီး ချစ်နေတာလေ ဘယ်လောက်တောင် ချစ်စရာကောင်းလဲ...
တို့ငယ်ငယ်တုန်းဆို ရှင်က တို့ကို တစ်နေ့လုံး မျက်စိအောက် အပျောက်မခံ သလို တို့ကလည်း နူးညံ့ပြီး ချောမောတဲ့ ရှင့်ကို တစ်နေ့လုံး ငေးနေတာကို မေ့နေပြီလား......
တို့ကတော့ မမေ့နိုင်အောင်မှတ်မိတယ် အဲဒီ အချိန် ကဆို ရှင်ဟာ ဆွဲဆောင်မှု အရမ်း ရှိပြီး ချစ်စရာလေး....
အခုနဲ့တော့ ကွာပ...
နူးညံ့မှုတွေ ပျောက်ကုန်ပြီ ခက်ထန်တဲ့ အဖိုးကြီး ဖြစ်သွားပြီး တို့ကတော့ ရှင့်ကို မငေးတော့ဘူး ချစ်စရာကောင်းတဲ့ သခင်လေးတို့ အတွဲဘဲ ငေးတော့မယ်... "