62.
1.8K 245 8
Zawgyi
- ဂုဏ်လုပွဲ အတွက်  ပြင်ဆင်မှုများ - ၁
နတ်မိမယ်ဂိုဏ်း၏ လျှို့ဝှက်နယ်မြေထဲတွင် အဖြူရောင် ဝတ်စုံနဲ့ မုရုန်ယွဲ့ က လှပတဲ့ ရောင်စုံပန်းခင်းအလယ်တွင် ငြိမ်သက်စွာ နဲ့ မျက်လုံး မှိတ်ပြီး ထိုင်နေသည်။
သူမက နတ်မိမယ်ဂိုဏ်းက ကျင့်စဉ်ကို ကျင့်လို့ပြီးတော့ မျက်လုံး ဖွင့်လာပြီး ကျေနပ်စွာ ပြုံးလိုက်သည်။
ထိုနောက် ထိုင်ရာမှ ထပြီး လျှို့ဝှက်နယ်မြေထဲက စောင့်ရှောက်သူတွေကို ဦးညွတ်ပြီး အပြင်ထွက်လာသည်။
အပြင်ရောက်တော့ သူမ ရဲ့ ဆရာ ကို ရှာဖို့အတွက် ငြိမ်သက်ပန်းဦးယျာဉ်ကို သွားဖို့ လျှောက်ရင်းနဲ့ တပည့်တစ်စုပြောတဲ့ စကားသံတစ်ချို့ကို ကြားရတော့ သူမရဲ့ ခြေလှမ်းက ရပ်သွားသည်။
" နင် သိပြီလား ငါတို့ ဂိုဏ်းချုပ်က နောက်တစ်လမှာ ဂိုဏ်း အတွက် ဂုဏ်လုပွဲ ယှဉ်ပြိုင်ရတော့မယ်။ ဒီပွဲက ဂိုဏ်းသုံးဂိုဏ်း မှာ အတော်ဆုံး ဂိုဏ်းချုပ် ကို ရွေးပြီး ငါးနှစ်အတွင်း ကျန်ဂိုဏ်းချုပ်တွေကို သတ်မှတ်ထားတဲ့ စည်းကမ်းချက် ထဲကအတိုင်း အမိန့်ပေးခွင့် နဲ့ အပြစ်ပေး ခွင့်ရှိတယ်တဲ့။ "
" သိတာပေါ့။ ဒီမှာ နေတဲ့လူတွေက ဒီအကြောင်း ကို မသိတဲ့လူ ရှိလို့လား။ "
" ငါပြောချင်တာ ဒါမဟုတ်ဘူး။ "
" ဒါဆို နင်က ဘာပြောချင်လဲ "
" နင် က ဘယ်သူ နိုင်မယ်လို့ထင်လဲ "
" ဒါက ငါ မခန့်မှန်းနိုင်တဲ့ အရာပဲ "
" ငါက နင်ဘယ်သူကို နိုင်စေချင်လဲ မေးတာကို "
" ဒါက ရလဒ်မရခင် မမေးကောင်းဘူး။ နင်မေးရမှာက ငါက ဘယ်သူ့ကို ပိုကြိုက်လဲ။ ငါက နတ်ဆိုးဂိုဏ်း က ဂိုဏ်းချုပ် လုံရိဖုန်း ကိုကြိုက်တယ်။ သူငါ့ကို တစ်ခါ ပြုံးပြရင် သူ့အတွက် အရာရာဖြစ်ပေးမယ် "
" လုံရိဖုန်း က ဘာကောင်းလို့လဲ။ ငါက ကျောက်စိမ်းနန်းတော် က ဂိုဏ်းချုပ် ဝမ်ရိပေါ် ကို ပိုကြိုက်တယ် "
" ဟိုက ကြင်ယာတော် ရှိပြီး။ နောက်ပြီး ကလေးနှစ်ယောက် လဲ ရှိနေပြီ ဘယ်သူက နင့်ကို ကြည့်မလဲ။ သူက သူ့မိသားစု နဲ့ သူပျော်နေလောက်ပြီ။ နင် မဖြစ်နိုင်တာတွေ စိတ်ကူးယဉ် နေပြီ နိုးထတော့ "