part - 12 (Z+U)
9.8K 1.1K 19
[Zawgyi]
နန်းတော်သို့ အလည်တခေါက်
သာယာနေသော နေ့ခင်းလေးမှာ ရှောင်ကျန့် က ဦးလေးလု နဲ့ လေ့ကျင့်ရေးကွင်း မှာ သိုင်းပညာ လေ့ကျင့်နေသည်။
ဦးလေးလု က ရှောင်ကျန့် ကို လမ်းညွှန်ပြီး သိုင်းပညာ ၏ အခြေခံ ရွှေ့လျားမှု ကို သင်ပေးလို့ နေသည်။
" ညာခြေ တစ်လှမ်းဆုတ် ဘယ်ခြေ တစ်လှမ်းတိုး  ခါးကို မတ်မတ်ထား ရှိသမျှအားတွေ အကုန်သုံး ပြီး ရှေ့ကို လက်သီး နဲ့ ပစ်ထည့်.....ညာခြေ တစ်ချက် ကန်လိုက်  ဘယ်ခြေ လွဲပြီး ကန်ချလိုက်........ "
ရှောင်ကျန့် ဟာ ဟူး ဆိုသည့် လေသံ တစ်ချက် ပြုပြီး အခြေခံ ရွှေ့လျားမှု ကို မညီးညူးဘဲနဲ့ ကြိုးစားပန်းစား လေ့ကျင့်သည်။
သူ့လှုပ်ရှားမှုက သွက်လက်မြန်ဆန်ပြီး အားတွေလည်း သေချာ ထိန်းချုပ် ကာ လေထုကို လက်သီး ရိပ် နဲ့ ခြေကန်ချက် တွေ လွမ်းခြုံသွားပြီး တဝီးဝီး နဲ့ တဟူးဟူး တောင် ကြားရသည်။
ဦးလေးလု မှာ ညီးညူးခြင်းမရှိဘဲ နဲ့ အခြေခံ လုပ်ရှားမှုကို ကျွမ်းကျင်စွာ လေ့ကျင့်နေတဲ့ ကြင်ယာတော်လေးကို ကြည့်ကာ သဘောကျစွာပြုံးလိုက်သည်။ ကြင်ယာတော်လေးက သူနဲ့ သိုင်းသင်တာ ရက်ပေါင်းများစွာ ရှိပေမဲ့ သူသင်ပေးတဲ့ အခြေခံ နည်းစနစ်ကို ထပ်ခါထပ်ခါ လေ့ကျင့်စေတာကို စောဒကမတက်ဘဲ နာခံမှုရှိစွာ နဲ့ လေ့ကျင့်နေတယ်။ သူထင်ခဲ့တယ် ကြင်ယာတော် က တစ်ရက်ဘဲ လေ့ကျင့်ပြီးရင် မသင်ချင်တော့အောင် ဖြစ်မှာကို ဒါပေမဲ့ သူလေးက အနာခံကာ နေ့တိုင်း လေ့ကျင့်နေသည်ကို တွေ့ရတယ်။
မယုံချင်စရာဘဲ ကြင်ယာတော် က သိုင်းပညာ နဲ့  အကျွမ်းတဝင်ဖြစ်နေသလိုနဲ့ ထူးချွန်တယ်  လေ့ကျင်တာ ရက်ပိုင်းလောက် ဘဲရှိသေးတယ် ကျွမ်းကျင်တဲ့အဆင့်ထိရောက်သွားပြီး။ ဘာလို့များ ရှောင်ချင်းဖုန်း က ဒီလောက်တော်တဲ့ကလေးကို အခြေခံ သိုင်းပညာ တောင် မသင်ပေးတာလည်းနော် တကယ်ကို မပြောချင်ဘူး။
နေမင်းမှာ တဖြည်းဖြည်းနဲ့ အပူချိန်ပြင်းလာတယ် ဦးလေးလု က ထိုသို့မြင်တော့ ကြင်ယာတော် ကို အနားပေးလိုက်သည်။