part. 53
3.5K 457 10
Zawgyi
မတူညီတဲ့ ကမ္ဘာ နှစ်ခု
ရှောင်ကျန့်သည် ကိုယ်ဝန်ရှိမှန်း သိချိန်ကတည်းက သူ၏အပြုမှုများကို အလွန်ဂရုစိုက်လာသည်။ သူသည် ကလေးတွေ ကျန်းမာဖို့အတွက် စောင့်ရှောက်သူတွေပြင်ဆင်ပေးတဲ့ အားဆေးတွေကို သောက်သုံးသည်။ထို့အတူ ကျန်းမာရေးကို အကျိုးဖြစ်စေသည့် ပျော့ပြောင်းညင်သာတဲ့သိုင်းပညာ ကိုလည်း အထိုက်သင့် လေ့ကျင့်သည်။လိုအပ်တဲ့ ရှောင်စရာ ဆောင်စရာများကိုလည်း ပြုလုပ်သည်။
ဝမ်ရိပေါ် သည် ဂိုဏ်း၏ အရေးကိစ္စတွေကို ဆောင်ရွက်ပြီးတိုင်း ရှောင်ကျန့် ကို အနီးကပ် ပြုစုပေးသည့် အထိန်းတော် ဖြစ်နေသည်။ ရှောင်ကျန့် ၏ ဖြစ်ပေါ်တတ်သည့် စိတ်အတက်အကျကြောင့် ခေါင်းကို အခေါက်ခံရသည်မှာလည်းမနည်းမနောပါ။ မကျေနပ်စရာ နည်းနည်းလောက် ဖြစ်ရင် ဝမ်ရိပေါ် မှာ ခေါင်းအဖုထွက်ရပြီ။
အဖိုးယွိသည် မွေးဖွားလာမည့် ကလေးတွေအတွက် ကလေးအသုံးအဆောင်များကို စုံလင်စွာ စီစဉ်ထားသည်။ ရှောင်ကျန့် ကို ကူညီပေးဖို့ ကလေးမွေးဖူးပြီး ကလေးထိန်းနိုင်တဲ့ ဂိုဏ်း၏ အကြီးကဲ တွေကိုလည်း အကူညီ တောင်းထားသည်။ သူတို့သည် ဂိုဏ်း၏ အဓိက မျိုးဆက် ကလေးတွေကို ကူထိန်းပေးဖို့ ဝမ်းသာစွာနဲ့ လက်ခံကြသည်။
ကျောက်စိမ်းနှင်းဆီနန်းတော်ဂိုဏ်းသားအားလုံးတို့သည် ကလေးအဖေဖြစ်တော့မည့် သူတို့၏ ဂိုဏ်းချုပ် အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်။ သူတို့သည် မွေးဖွားတော့မည့်  ဂိုဏ်းချုပ်၏မျိုးဆက်ဖြစ်တဲ့ မြင့်မြတ်တဲ့ နန်းဆက်သွေးကို မြင်ချင်ကြပြီ။
ဂိုဏ်းတစ်ခုလုံးသည် မွေးလာမည့် ကလေးကို ပျော်ရွှင်စွာ နဲ့ မျှော်နေကြသည်။
ထို့အတူ ဂိုဏ်း၏ စောင့်ရှောက်သူတွေကလည်း ရှောင်ကျန့် ကို လျှို့ဝှက် နယ်မြေမှာ မကြာခဏ ခေါ်လာပြီး စိတ်ဝိညာဉ်စွမ်းအား လေ့ကျင့်စေသည်။
ရှောင်ကျန့် သည် လျှို့ဝှက် နယ်မြေမှာ မကြာခဏ သွားလေ့ကျင့်ရသည့်အတွက် သူ၏ သိုင်းစွမ်းအင်တွေသည်
တဖြည်းဖြည်း တိုးတက်လာသည်။ ထိုမျှမက သူ၏ ဗိုက်ထဲက ကလေးလေးတွေကလည်း သန်မာလာကြသည်ကို ခံစားရသည်။