86
654 77 2
((Z))
- ဂိုဏ်းသုံးခုရဲ့ပြိုင်ပွဲ - ၎
လုံရိဖုန်း က သူ့ဓားကို ထုတ်ပြီး ဝမ်ရိပေါ်ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်ပြီး
" မင်းတကယ်မနားပဲ ငါနဲ့ ဆက်တိုက်မှာ သေချာလား "
ဝမ်ရိပေါ်က တည်ငြိမ်စွာ နဲ့ လိုရင်းသာ ရှင်းရှင်းလေးဖြေလိုက်တယ်။
" ငါ ပြောပြီးပြီး "
လုံရိဖုန်း က ထိုသို့ကြားတော့ ပြုံးလိုက်ပြီး သူ့ကို ထက်ရှတဲ့မျက်လုံးတွေနဲ့ ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။
" ဟ... မင်းက ငါ့ကို အထင်သေးနေတာလား...
ခုနတုန်းက မုရုန်ယွဲ့ နဲ့ တိုက်ပြီး ငါနဲ့ဆက်တိုက်ဖို့ အားကျန်သေးတာလား...
ငါနဲ့တိုက်ဖို့က အားယူစရာတောင်
မလိုတဲ့သဘောလား... "
ဝမ်ရိပေါ်က သူပြောတာတွေကိုကြားတော့ မျက်မှောင်ကြုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
" စကားတော်တော်များတာပဲ...
ဒါပေမဲ့ ငါက မင်းနဲ့ အချိန်အများကြီး မကုန်ချင်ဘူး...
ငါ အဖော်ပြုပေးရမယ့် လူတွေက ငါ့ကို စောင့်နေကြတယ်...
ဓားကြည့်!!!..."
ဓားသွားက လုံရိဖုန်း ရဲ့ ရင်ဝကိုနားကို လျင်မြန်စွာ ရောက်လာသည်။
လုံရိဖုန်း က ကိုယ်ဖော့သိုင်းနဲ့ လျင်မြန်စွာ ရှောင်လိုက်ပြီး အော်လိုက်သည်။
" ဟေ့!!!မင်း တကယ်ကို စိတ်မရှည်တာပဲ...
ငါပြောလို့မပြီးသေးဘူး ဓားချနေပြီး... "
သူက အော်ပေမယ့် ဝမ်ရိပေါ်ကို ပြန်တိုက်ဖို့မမေ့ပဲ ဝမ်ရိပေါ် ရဲ့ ခေါင်းကို လှမ်းခုတ်လိုက်သည်။
ဝမ်ရိပေါ်က သူ့ဓားကို ခေါင်းစောင်းကာ ရှောင်လိုက်ပြီး သူ့ရဲ့ လက်မောင်းကို ခုတ်လိုက်သည်။
လုံရိဖုန်း က ထိုတိုက်ချက်ကို သူ့လက်ထဲက ဓားနဲ့ လျင်မြန်စွာလှုပ်ရှားပြီး ကာလိုက်သည်။
ထန်း!!! ဆိုပြီး သူ့ဓားက ဝမ်ရိပေါ် ရဲ့ ဓားသွားကြောင့် ကျိုးသွားသည်။ သူက လျင်မြန်စွာ နဲ့ ကိုယ့်ဖော့သိုင်းကို သုံးပြီး နောက်သို့ဆုတ်ရင်းနဲ့ လက်နက်ပုန်းကို သူ့ကိုလိုက်လာတဲ့ ဝမ်ရိပေါ် ဆီ ပစ်လိုက်သည်။