ဝန်ခံခြင်း / ဝန်ခံခြင်း
2.8K 241 49
Zawgyi
စာရေးတာမသေသပ်သေးတဲ့ စာရေးသူ
စာဖတ်သူတို့ရေ ကိုယ်ရေးတဲ့ စာကို ဖတ်ရတာ အဆင်ပြေရဲ့လား။ တကယ်ဆို ကိုယ်ရေးတဲ့ စာအရေးအသားတွေမှာ အဆင်မပြေတာတွေရှိနေတယ်။ကိုယ်ရေးတဲ့စာကို မကောင်းသေးမှန်း စာဖတ်ဝါရင့်သူတွေ သတိထားမိကြမယ်ထင်တယ်။ တကယ်တော့ ကိုယ်က စာဖတ်တတ် ရေးတတ်ယုံပါ။ တကယ့်စာရေးဆရာ မဟုတ်ပါဘူး။ဒါကို ကိုယ် ပြောပြီးသားထင်တယ်။
ကိုယ်က စာရေးဆရာ မဟုတ်သေးပေမဲ့ ကိုယ်ရေးချင်တဲ့ စာကိုရေးရတာ ပျော်ပါတယ်။ ကိုယ် ရေးတဲ့စာတွေကို အားပေးတဲ့ စာဖတ်သူတွေရှိတော့ ပိုပြီးပျော်ရပါတယ်။ ကိုယ့်စာကို ဖတ်ပြီး ဆက်ဖတ်ချင်တဲ့ စာဖတ်သူတွေ ပေးလာတဲ့ ကွန့်မန့် (စာတို) တွေကို ရရှိတော့ ဝမ်းသာစွာနဲ့ ပျော်ရွှင်ရပါတယ်။ ဒါက ကိုယ့်ကို ဆက်ပြီးရေးနိုင်ဖို့ စိတ်ဓာတ်အင်အားအများကြီးပေးပါတယ်။ဒီလိုမျိုး အားတွေကို ရရှိတော့  စာရေးရတာ တကယ်ကို ပီတိဖြစ်ပါတယ်။
အခုလို ကိုယ်ရေးတဲ့စာကို ဖတ်တဲ့သူတွေရှိလို့ ကိုယ့်ကိုယ်ကို အားရကျေနပ်နေမိတယ်။ကိုယ်က စာရေးဆရာ မဟုတ်ပေမဲ့
ကိုယ်ရေးတဲ့စာက ဖတ်ပျော်ရှုပျော်ရှိတယ်လို့ အမြဲထင်နေမိတယ်။ဒါပေမဲ့ ကိုယ်အခု ဒါတွေက ကိုယ်အမြင်ကျဉ်းနေမှန်းကို သိလိုက်ပါပြီ။
ကိုယ် အခုတလော စာရေးနည်း လမ်းညွန် စာအုပ်ကို ဖတ်ဖြစ်တယ်။ဒါကြောင့် ကိုယ်ရေးတဲ့ စာတွေဟာ အတော့်ကို အဆင့်တန်းမရှိသေးမှန်း သိလိုက်ရပါတယ်။ ဒါက တကယ်ကို စိတ်ဓာတ်ကျစရာကောင်းတယ်။ အရင်က ကိုယ် မသိသေးလို့ အရှူးမူး အားရခဲ့တဲ့ ကိုယ့်စာကို ပြန်ဖျက်ချင်စိတ်တွေ ဝင်လာခဲ့တယ်။ ဒါပေမဲ့ ကိုယ်ရေးတဲ့စာက ကိုယ်ဖတ်ချင်တဲ့ဇာတ်လမ်းဖြစ်နေတော့ သွားတော့ဆိုပြီး မဖျက်ချင်ပါဘူး။
နောက်ဆုံးအနေနဲ့ ကိုယ်ရေးတဲ့စာရဲ့ သတ်ပုံတွေ၊ စာလုံးပေါင်းတွေ၊ ဝါကျတွေ၊ စားရေးဟန်တွေ၊ စာစီမှုတွေ မူမမှန်ပေမဲ့ အခုထိ ကိုယ့်စာကို ဖတ်ပေးသေးတဲ့ စာဖတ်သူတို့ကို အထူးကျေးဇူးတင်ပါတယ်။
###########
စာသားတွေမမှန်ရင်၊ စားရေးဟန်တွေ မမှန်ရင်တောင် ကိုယ်ရေးတဲ့ ဇာတ်လမ်းကို ခံစားနိုင်ပါစေလို့ ဆုတောင်းရင်း ရှေ့ဆက်မှာ အကောင်းဆုံး စာရေးသူ ဖြစ်အောင် ကြိုးစားနေပါမယ်။