part - 3 (Z+U)
13.7K 1.5K 3
[Zawgyi]
ကြေကွဲဖွယ် သံစဉ်
မနက်ခင်း နေရောင်ခြည်ဟာ ကြီမားခန့်ထည်လှတဲ့ နန်းတော်ကြီးကို ပိုမိုကာ ထည်ဝါ တောက်ပအောင် ထောက်ပံ့ပေးနေသည်။
နန်းရင်းပြင်တွင် နန်းတွင်းအပျိုတော် များနှင့် နန်းတွင်းအစေခံ များစွာက နန်းတော်က ပွဲတော်အတွက် အချိန်မတိုင်ခင် ပြီးပြည့်စုံအောင် ပြင်ဆင်နေရသည်။
ပွဲတော်အချိန်ကျရောက်သည့်အခါ နန်းတွင်း အမတ်များ၊ အရေးကြီးအိမ်တော်များမှ လူများ၊ သခင်လေး သခင်မလေးများတို့က နန်းတော်မှ ပြင်ဆင်ပေးတဲ့ ခန်းမထဲမှာ ကိုယ့်နေရာကိုယ်ထိုင်ကာ ပွဲစမယ့်အချိန်နဲ့ ဘုရင်တို့ကို စောင့်ရင်း အပြန်အလှန် သတင်းလှဲလယ်ကြတော့သည်။
" ဟေ့ မင်းသိလား ဒီပွဲတော်က အိမ်ရှေ့စံ ကြင်ယာတော်  အတွက် ပြင်ပေးတာ "
" အေး...ငါလည်း သိတယ် ပြောကြတာတော့ ကြင်ယာတော် က ယောက်ျားလေး ဆိုတာဘဲ "
" ယောက်ျားလေး ဆိုပြီး အထင်မသေးနဲ့ ပြောကြတာ ကြင်ယာတော်ရှောင်က မိန်းကလေးရှုံးအောင်လှပပြီး အချို့အိမ်က သခင်မလေးတွေထက်တောင် တော်ကာ နူးညံ့ပြီး ယျဉ်ကျေးတယ်တဲ့ "
" ဟုတ်လို့လား ဘယ်လောက်ဘဲ သခင်မလေးလို နေပါစေ ယောက်ျားလေး က ဘယ်တော့မှ မိန်းကလေးမဟုတ်ဘူး ဘယ်လိုလုပ် မိန်းကလေးတွေကို ယဉ်ပြိုင် နိုင်မလဲ "
ထိုအချိန်မှာလည်း မင်းသား၊ မင်းသမီး တို့ကလည်း မိမိတို့နေရာကို ထိုင်နေကြသည်။ မင်းသား ဝမ်လီချန် က သူတပါးကို အတင်းတုပ်ကြတဲ့ တိုင်းပြည် ၏ မြင့်မြတ်သူတွေကို ကြည့်ပြီး သက်ပြင်းချပြီး ခေါင်းခါလိုက်မိတယ်။
အချိန် တွေ တဖြည်းဖြည်းနဲ့ ကုန်လာသည်။ ထိုအခါ လူတိုင်း စောင့်တဲ့ အချိန် ရောက်လာသည်။ ချန်ကုန်းကုန်း၏ အသံကို ကြားရသည်။
" မင်းကြီးနဲ့ မိဖုရားကြီး ကြွချီလာပြီ "
လူတိုင်း ကလည်း ထိုင်ရာမှ ထကာ မင်းကြီးတို့ကို အရိုသေပေးလိုက်သည်။
" ကောင်းပြီ မောင်မင်းတို့ သက်သာအောင် နေကြ "
" အမိန့်တိုင်းပါ "