part - 26
6.4K 864 14
[Zawgyi]
တော်တော်မွှေတဲ့ ကြင်ယာတော်
ဝမ်ရိပေါ်ဟာ ဆိုင်ပိုင်ရှင် လောင်ဖူ နဲ့ စကားပြောပြီး စားစရာ တွေကို သယ်လာတဲ့ စားပွဲထိုးနဲ့ အတူ သူ၏ သီးသန့်ခန်းကို ပြန်လာသည်။ သူအခန်းထဲမှာ ရောက်တော့ ရှောင်ကျန့် နဲ့ အခြားလူကို မတွေ့ရတော့ပါ။ ရှောင်ကျန့် တို့ကို မတွေ့ရလို့ သူရှောင်ကျန့်တို့ တစ်ခုခုဖြစ်မှာကိုစိုးရိမ်သွားသည်။
ထိုအချိန်မှာ စားပွဲထိုးတစ်ယောက်က အခန်းထဲ ဝင်လာပြီး သူ့ကို ခေါ်လိုက်သည်။
" ဒီက အစ်ကိုက ဝမ်ရိပေါ် လား "
" ဟုတ်တယ် ငါက ဝမ်ရိပေါ် မင်း ငါနဲ့ အတူလာတဲ့ အဖော်တွေ ဘယ်သွားလဲ သိလား "
ဝမ်ရိပေါ်ဟာ ရှောင်ကျန့် ကို မတွေ့လို့ စိတ်ပူနေတုန်း စားပွဲထိုးက သူ့ကို ခေါ်တဲ့အခါ ရှောင်ကျန့် အကြောင်းကို မေးလိုက်သည်။
" သိပါတယ် ခုနတုန်းက အစ်ကိုရဲ့အဖော် ချောမောလှပတဲ့ သခင်လေး က အပြင်မှာ လမ်းလျှောက်ချင်လို့ ပြောပြီးတော့ အစ်ကိုက စားစရာ နဲ့ ပြန်လာရင် သူ့ကို သွားခေါ်ဖို့ ပြောခိုင်းပါတယ် "
" ကောင်းပြီ ကျေးဇူးပဲ ကောင်လေး "
ဝမ်ရိပေါ်ဟာ စားပွဲထိုးရဲ့ စကားကို ကြားတော့ ကျေးဇူးတင် ပြီး  အခန်းထဲက လျင်မြန်စွာ ပျောက်သွားသည်။
စားပွဲထိုးက လျင်မြန်စွာ ပျောက်သွားတဲ့ ဝမ်ရိပေါ် ကြောင့် ခေါင်းစားသွားသည်။ ဘာလဲ သူ့အဖော်က လမ်းလျှောက်ချင်လို့ အပြင်သွားတာကို အေးအေးဆေးဆေး သွားခေါ်လို့ရတာဘဲ အခုက မသိရင် သူ့ဇနီး က အိမ်ကထွက်ပြေးလို့ သွားပြန်ခေါ်တဲ့အတိုင်း ကိုယ်ဖော့သိုင်းကို အသုံးပြုပြီး ပြေးခေါ်လိုက်တာ။ သိုင်းပညာ ကောင်းတဲ့ လူတွေဟာ ဒီလိုဘဲလား ဘာလုပ်လုပ် သိုင်းပညာ ကို သုံးနေတာ အားကျလိုက်တာ။
ဝမ်ရိပေါ်ဟာ စားပွဲထိုး တွေးတာကိုမသိဘဲ သူ့ကြင်ယာတော်ကို လိုက်ခေါ်ဖို့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လျင်မြန်စွာ လိုက်ရှာပြီး လူတွေဝိုင်းအုံနေတဲ့ ခေါက်ဆွဲပြုတ်ဆိုင် ကို ရောက်သွားသည်။