ခင်ဗျားသာ မိန်းကလေးဆိုရင် ကျွန်တော် ခင်ဗျားကို လက်ထပ်မိမှာပဲ

12.4K 1.7K 279
                                    

For ZawGyi

ထိုနေ့မှစ၍ အလုပ်အတွက် ယွမ်ယန် ၏ စိတ်အားထက်သန်မှုသည် ပြောင်းလဲသွားသည်။ များစွာသော စီမံကိန်း၏ လည်ပတ်မှုတွင် ပါဝင်လာပြီး ယခုဆိုလျှင်မူ အလုပ်အမြောက်အများ၏ တာဝန်ယူမှုတွင် ကိုဟ်စွမ်းကိုယ်စ ရှိသမျှကို ထုတ်သုံးလာသည်။

XXcity အတွက် တရားစီရင်ချက်က ကျလာပြီဖြစ်သည်။ သဘောတူညီထားမှုအရ ကုချင်းဖေ က ယွမ်ယန် ကို ယွမ်တစ်သိန်း မကြာမီက ပြီးသွားသော လုပ်ငန်းအတွက်ဆုငွေ ယွမ်တစ်သိန်းနှစ်သောင်း ပေါင်း ယွမ် နှစ်သိန်းနှစ်သောင်း ကို ယွမ်ယန် ဘဏ်အကောင့်ထဲသို့ ထည့်ပေးလိုက်သည်။

ယွမ်ယန် သည် SMS လက်ခံပြီးသောအခါ ကုချင်းဖေ ကို ဝမ်းသာအားရဖြင့် လာပြသည်။

"ကျွန်တော်ပိုက်ဆံရပြီ"

ကုချင်းဖေ က သူ့ကို ပြုံးပြလိုက်သည်။

"မင်း အစွမ်းအစနဲ့ ရတဲ့ငွေမို့ မင်းနဲ့ တန်တဟ်လို့ ခံစားမိလား ... အောင်မြင်မှုရဲ့ ထူးခြားတဲ့ အရသာကိုကော မခံစားမိဘူးလား ... ကိုယ်ထင်တာက ငွေဆိုတာ အကောင်းဆုံး ဆုကြေးပဲ ... မင်းသာ ဒု ဥက္ကဌ ရဲ့ ဆက်နွယ်ချက်ကို ရှာနိုင်ခဲ့ရင် တချီတည်းနဲ့ အများကြီး ဘာလို့မပေးနိုင်ရမလဲ"

"ဒါ ကျွန်တော့အပိုင်နော် ... ဒီတခါတော့ ခင်ဗျား ဘာကြောင့်ပြန်လာချင်နေပြီး ကျွန်တော့ဆီက ယူချင်လဲဆိုတာ သိနေတယ်"

ယွမ်ယန် စိတ်ထဲတွင် တကယ်ကို ပျော်ရွှင်နေမိ၏။ အရင်ကတော့ ငွေဆိုတာ အရေးကြီးသည့်အရာဟု မယူဆခဲ့မိပေ။ ကုချင်းဖေ က သူ့အဖေကို သူ့ ဝင်ငွေများနှင့်ပိုင်ဆိုင်မှုများကို ဖျက်သိမ်းရန် ပြောလိုက်ကတည်းက ငွေမရှိခြင်း၏ အရသာကို သူသိခဲ့သည်။ သူ့အတွက်သည်းမခံနိုင်ဆုံးဖြစ်သော ကုချင်းဖေ အထင်သေးမှုကိုလည်း ခံစားခဲ့ရသည်။

ကုချင်းဖေ က သူ့မျက်ခုံးအစုံကို မြင့်လိုက်ပြီး laptop ကိုင်ကာ တွက်ချက်လေတော့၏

ယွမ်ယန် က တအံ့တသြဖြင့် ကုချင်းဖေ ကိုကြည့်နေသည်။

ကုချင်းဖေ က

"မင်း ကိုယ့်အိမ်မှာ လာစားနေတာ သုံးလရှိပြီ ခင်မင်မှုကိုထောက်ထားသောအားဖြင့် ယွမ်နှစ်သောင်းပဲ ယူလိုက်မယ်"

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now