ယမ်းငွေ့ ရနံ့(Zg+Uni)

14.7K 2.3K 90
                                    

For Zawgyi

နောက်တနေ့ နံနက်စောစောအချိန်
၇နာရီထိုးသည်နှင့် ကု အောက်ထပ်သို့ ဆင်းလာခဲ့သည်။မနေ့က ကားရပ်ထားတဲ့ မြေအောက်ကားပါကင်နေရာမှာပဲယွမ်ယန် ပါကင်ထိုးထားရင်း ကားဘေးနားမှာ ဆေးလိပ်သောက်နေသည်။
ကျယ်ပြန့်သော ပုခုံး၊ ရှည်လျားသော ခြေချောင်း၊ကြွက်သားများနှင့် ကျစ်လျစ်သောခန္ဓာကိုယ်ဟာ မနေ့က ဝယ်ခဲ့တဲ့ အကျီင်္ အသစ်တွေထဲက တစုံကို ဝတ်ထားလေတော့ သူ့ပုံက ပိုစတာထဲက ကောင်လေး ဝတ်စုံပြည့် ဝတ်ထားပြီး ဒီနား မတ်တပ်လာရပ်နေသလို ခံစားရစေသည်။

ကုချင်းဖေ အပြုံးချိုချိုလေးနှင့် နှုတ်ဆက်လိုက်ပြီး
"ယွမ်ယန် စောသားပဲ"

ယွမ်ယန် သူ့ကို တချက်ကြည့်လိုက်ပြီး ဆေးလိပ်တိုကို လွှင့်ပစ်လိုက်၍ ကား စက်နှိုးလိုက်သည်။
"သာယာလှပတဲ့ နံနက်ခင်းလေးပဲ... အခုချိန် မင်းစားပြီးပြီလား"

"မစားရသေးဘူး"

"ကိုယ် လောင်ကျောက် ကိုမေးပြီးပြီ ... ကုမ္ပဏီမှာ နံနက်စာ စားရတာ အဆင်ပြေတယ်လို့ ကိုယ်ကြားထားတယ်... ကုမ္ပဏီရောက်ရင် ကိုယ်တို့သွားစားရအောင်"

ကု ထိုင်ခုံပေါ်ထိုင်လိုက်တော့ ကားကိုမောင်းလိုက်ပြီး အသစ်ထုတ်လွှင့်နေတဲ့ ချန်နယ်လိုင်းကိုနားထောင်အောင် ရေဒီယိုကို ဖွင့်လိုက်သည်။

ယွမ်ယန် သူ့ကို ဖျတ်ခနဲ့ လှမ်းကြည့်ပေမယ့် စကားတော့တခွန်းမှ မပြောဘူး။
ကု ကလည်း သူ့ကို တချက်ပြန်ကြည့်ကာ
*ယွမ်ယန် သူ့အဖေနဲ့ အခုထိ စကားပြောရသေးပုံ မပေါ်ဘူး* လို့တွေးနေမိသည်။နို့မို့ဆို ဒီကလေး အခုလောက်ထိ ငြိမ်နေမှာမဟုတ်ဘူး။

သူ မသိမသာမေးလိုက်သည်။
"မင်းရဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေကို မင်းအဖေနဲ့ မဆွေးနွေးကြည့်ဘူးလား....."

ယွမ်ယန် သူ့ကို မကြည့်ဘဲ ပြန်ဖြေလာသည်။
"ကျွန်တော် သူနဲ့ အတူမနေဘူး"

ကုချင်းဖေ ဆက်မေးလိုက်သည်။
"အိုးး မင်းအိမ်ကို မကြာခဏ သွားလေ့ရှိလား ....ကိုယ့်မိဘတွေက ရွာမှာ နေတာလေ .... တလတခါ ဒါမှမဟုတ် ၂လတခါ ပြန်ဖြစ်တယ် .... မင်း သူတို့နဲ့ ရင်းရင်းနှီးနှီးဖြစ်အောင် အိမ်ကို ခဏခဏပြန်ရမယ် "

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now