သောက်ကျိုးနည်း ဒါYuan Yangပဲ ပွဲကတော့ စပြီ(Zg+Uni)

17.2K 2.5K 206
                                    

For Zawgyi

ယွမ်ယန် က ဆေးလိမ်းချိန်ကို အချိန်ကြာကြာယူလိုက်သည်။ ကု ရဲ့အပေါက်လေးနားတင် တရစ်ဝဲဝဲလည်လျက် တို့လိုက်ထိလိုက်ဖြင့် အပေါက်လေးမှာ ဆေးဓါတ်ကို အပြည့်အဝရနေလေသည်။ သူ့စိတ်ကျေနပ်အောင်လိမ်းပြီးသည်နှင့် ကု ဖင်လေးကို ပုတ်လိုက်ကာ တတုန်တုန်ဖြစ်သွားသော မက်မွန်သီးကို ကြည့်၍ သဘောအကျကြီး ကျနေသည်။

ကုချင်းဖေ သည် တဖက်သို့ လှိမ့်သွားပြီး သူ၏ကိုယ်ခန္ဓာကို တဘက်ဖြင့် ပတ်လိုက်၍ ယွမ်ယန်ကို တအံ့တသြ ကြည့်နေသည်။

ယွမ်ယန်ကမူ ခပ်တည်တည်ဖြင့် ကု ဂျာကင်ကိုယူ၍ ဂျာကင်ထဲမှ ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်သည်။ ပိုက်ဆံအိတ်ထဲမှ ငွေအနည်းကိုယူလိုက်ပြီး ကုချင်းဖေ ကို လက်ညှိုးထိုးလိုက်ကာ
"ကျွန်တော် ခင်ဗျားအတွက် အကျီင်္ဝယ်ပေးမယ် .. ဒီမှာပဲ စောင့်နေ"
ထို့နောက် သူထွက်သွားတော့သည်။

တံခါးနားရောက်ခါနီးမှ အခန်းထဲရှိ ကွန်ပျူတာကို ရုတ်ချည်း သတိရမိသွားသည်။ ကွန်ပျူတာက ကု အနားမှာ ရှိနေသရွေ့ သူစိတ်မချနိုင်ပါပေ။ ထို့နောက်ပြန်လှည့်လာ၍ အခန်းထဲဝင်ပြီး ကွန်ပျူတာကိုပါ သူနှင့်တပါတည်း ယူလျက် အပြင်ထွက်လာခဲ့သည်။

ယွမ်ယန် ထွက်သွားသည်နှင့် ကု သည် ကုတင်ပေါ်မှ ခုန်ဆင်းကာ တဘက်ကို ချွတ်လိုက်သည်။ ကတိုက်ကရိုက်လုပ်ဆောင်နေရ၍ သူ့မှာ သေလုနီးပါးပင်။

သူ့ရဲ့ ကိုယ်ပေါ်ကဒဏ်ရာ မသက်သာမှုများကို အောင့်အည်း သည်းခံလျက် မနေ့ကအဝတ်အစားများကို ဝတ်လိုက်ပြီး သူ့ပိုင်ပစ္စည်းများကို မူလသူတို့စစ်ဆေးခဲ့သော ဟိုတယ်သို့ ပြန်ယူပြီး ခရီးအောင်အိတ်ထဲသို့ ထုပ်ပိုးလိုက်သည်။

သူခန့်မှန်းတာ မမှားဘူးဆိုရင် ယွမ်ယန် သူ့အိတ်ထဲက ပိုက်ဆံယူသွားသည်မှာ သိပ်မများလှပေ။အဝတ်အစားတွေ ဘာတွေ ဝယ်ပြီးလျှင် သိပ်ကျန်တော့မည်မဟုတ်။ ယွမ်ယန်  တစ်ယောက် ဒီညတော့ လမ်းပေါ်မှာအိပ်ရတော့မည်။

ကုချင်းဖေ အခန်းကို သန့်ရှင်းကာ အခန်းပြန်အပ်လိုက်ပြီး မိနစ်အနည်းငဟ်အကြာ တခြားဟိုတယ်တွင် တည်းခိုလိုက်သည်။
ဟိုတယ်သို့ရောက်သည်နှင့်တပြိုင်နက် သူပထမဆုံးလုပ်သည်က အချိန်ကြာရှည်စွာယူကာ စိတ်ပြေလက်ပျောက် အနားယူ ရေချိုးခြင်းပင် ဖြစ်သည်။ မနေ့ကလှုပ်ရှားမှုကြောင့် ရခဲ့သော ချေးများကို ပြောင်စင်အောင် အားရပါးရ ဆေးကြော သန့်ရှင်းလိုက်သည်။

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now