Ch 86

10.8K 1.5K 95
                                    

For Zawgyi


ကုချင်းဖေ သည် ကားတံခါးကိုဖွင့်လိုက်သည်။ ကားစက်နှိုးနေချိန်တွင် ယွမ်ယန် သည် သူ့ကို ဖမ်းမိသွားသည်။

ကုချင်းဖေ လှည့်ကြည့်လိုက်ရာ သူတို့နှစ်ဦးသည် အကြည့်ချင်းဆုံနေကာ လေထု အခြေအနေ တင်းမာနေလျက်။

ယွမ်ယန် အံကြိတ်သံဖြင့်

"ကားပေါ်က ဆင်း "

ကုချင်းဖေ သည် သူ၏ပါးစပ်ကို ဟချင်သော်လည်း ယွမ်ယန် ၏ မျက်နှာပေါ်တွင် သွေးစွန်းနေသည်ကို မြင်သောအခါ လေပူဖောင်းကဲ့သို့ သူ၏အသက်ရှူမှုသည် ချက်ချင်းပျောက်ဆုံးသွားခဲ့သည်။ သူ့ခန္ဓာကိုယ်သည် နည်းနည်းအားနည်းသွားသလို  ခံစားလိုက်ရသည်။ သူထိုင်ခုံပေါ်မှာထိုင်ပြီး တုန်ခါနေသောလက်ကို ကြည့်လိုက်သည်။

သူသည် ငယ်စဉ်ကလေးဘဝကတည်းက အသိဉာဏ်မဲ့စွာ တိုက်ခိုက်ခြင်းကလွဲ၍ မည်သူ့ကိုမျှ ကိုယ်ထိလက်ရောက် မထိခိုက်စေခဲ့။ မမျှော်လင့်ဘဲ သူရိုက်လိုက်၍ ပထမဆုံး သွေးထွက်ခဲ့သူမှာ ယွမ်ယန် ဖြစ်နေသည်။

ယွမ်ယန် က သူ့ကို အဝေးဆုံးကို တွန်းထုတ်လိုက်ပြီ ဖြစ်သည်။ ဒီလိုတွေ ဖြစ်ရတာ ဘာကြောင့်လဲဆိုသည်ကို သူမသိတော့ ။ ယွမ်ယန် ၏ ပင်ကိုစရိုက်မှာ သာမန်လူများနှင့် အလွန်ကွာခြားသောကြောင့်လား  သို့မဟုတ် သူတို့၏အသက်အရွယ်ကွာဟမှုမှာ အလွန်ကြီးမားခြင်းကြောင့်လား။ ကမ္ဘာပေါ်တွင် ဤသို့ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသောလူတစ်ဦး ရှိနိုင်သည်ဟု သူတစ်ခါမျှ မခံစားခဲ့ရ။ တကယ်တော့ သူ့အတွက်က ယွမ်ယန် နဲ့ဆက်သွယ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့တောင် ခံစားလိုက်ရသည်။

လူနှစ်ဦးကြားရှိချောက်ကြီးသည် နက်ရှိုင်းသထက် နက်ရှိုင်းလာသည်။ သို့သော် ၄င်းတို့သည် မည်သည့်အရာကိုမျှ ပြောင်းလဲပစ်နိုင်စွမ်း မရှိသောကြောင့် ထိုအစား သူတို့သည် ပို၍ ဝေးကွာသထက် ဝေးကွာသွားခဲ့သည်။

ကုချင်းဖေ သူ့ကို စိတ်မောစွာ ကြည့်လိုက်၍

"ဆေးရုံလိုက်ပို့ပေးမယ်"

"မလိုဘူး"

ကုချင်းဖေ မှာ ယွမ်ယန် ဒဏ်ရာကိုလည်း ကြည့်ချင် ထိုနေရာသို့ လက်မလှမ်းမိအောင်လည်း စိတ်ကို ထိန်းချုပ်ထားရသည်။ သူသက်ပြင်းချလိုက်ပြီး

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now