ကျွန်တော်ထွက်မသွားချင်ဘူး... ကျွန်တော်ထွက်သွားအောင်လည်း ခင်ဗျားမလုပ်နိုင်ဘူး

11K 1.9K 172
                                    

For Zawgyi

ယွမ်ယန် က သူ့ညီလေး ခေါင်းကို အသာအယာ ပုတ်လိုက်ပြီး အတန်ငယ် ရှက်နေသည့်အသံဖြင့်

"မဟုတ်တာတွေ ပြောမနေနဲ့"

ဒါရိုက်တာ ယွမ် က ရယ်မောလိုက်ကာ

"မိတ်ဆက်ပေးပါရစေဦး သူက ယွမ်ယန် ညီလေ…  အသက်က ဆယ့်သုံးနှစ် ယွမ်ကျင်း လို့ခေါ်တယ် … ဟိုဘက်ကတစ်ယောက်က သူ့ညီမ ယွမ်ယင်း … သူက ဆယ်နှစ် "

ကုချင်းဖေ က ပြုံးကာ နှုတ်ဆက်လိုက်သည်။

"HI"

ကလေးမလေးက ယွမ်ယန် အကျီင်္လက်ကို ဆွဲကာ အနောက်ကနေပုန်းကွယ်၍ ကြည့်လာသည်။

ဝူကျင်းလန် က မိန်းကလေးကို အနောက်ဘက်သို့ ဆွဲလိုက်ပြီး ကု ကို ပြုံးပြ၏

"ဥက္ကဌ ကု အထဲဝင်ထိုင်လေ… ညစာ အဆင်သင့်ဖြစ်နေပြီ"

ယွမ်ယန် မိသားစုကြား ထိုင်နေရသော ကုချင်းဖေ  သည် စိမ်းသက်သက် ခံစားရသည်။ ကံကောင်းထောက်မစွာဖြင့် ယွမ်လိကျန်း နှင့် ဝူကျင်းလန် တို့က များစွာသော ခေါင်းစဉ်များဖြင့် သူနှင့် စကားပြောပေးကြသည်။ သုံးယောက်သား စားရင်းသောက်ရင်းဖြင့် နောက်ထပ်လုပ်မည့် စီမံကိန်းအသစ်အကြောင်း ဆွေးနွေးကြသည်။

အမြဲလိုလို ခံပြင်း၍ ဒေါသထွက်နေပြီး လျစ်လျူရှုတတ်သော ယွမ်ယန် က သူတို့၏ ဆွေးနွေးပွဲတွင် စိတ်ပါဝင်စားစွာ ပါဝင်လာသည်။ နောက်ဆုံးတွင် သူတို့၏သားကို အသက်ပြန်သွင်းနိုင်ပြီဟု တွေးကာ လင်မယားနှစ်ယောက်စလုံး ပျော်ရွှင်သွားကြသည်။

သူတို့ ရှင်းရှင်းလင်းလင်း မသိလိုက်သည်က ယွမ်ယန်  ၏ စိတ်ဝင်စားမှု ရုတ်တရက် မြင့်တက်လာခြင်းသည် ကု ၏ စိတ်အခြေအနေ မသက်သာဖြစ်နေမှုကြောင့်သာ။ 

စားသောက်ပြီးနောက် ကုနှင့် ယွမ်ယန် တို့ ထွက်သွားရန် ရည်ရွဟ်ထားသည်။

ယွမ်ယင်း က ယွမ်ယန် အကျီင်္စကို ဆွဲထားကာ

"ကိုကို ညမလေးနဲ့ ဆော့ဖို့ ဘယ်တော့အပြင်ခေါ်မှာလဲ "

"နောက်နေ့ကျခေါ်မယ်"

"နောက်နေ့ နောက်နေ့နဲ့ … အမြဲအဲ့လိုချည်းပဲ

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now