ဘေးတစောင်းသွားတဲ့ ခွေးသူတောင်းစား မင်းကို ရှာတွေ့ပြီ... အသေသာသတ်ပစ်လိုက်ချင်တယ်

10K 1.5K 63
                                    

For Zawgyi

Chapter 69

ယွမ်ယန် ကော်လံကို တင်းကျပ်စွာ ဆွဲစေ့လိုက်ပြီး ရထားသော လိပ်စာကိုရှာဖွေရန် လူနေအိမ်အဆောက်အအုံများထံသို့ ထွက်လာခဲ့သည်။

အချိန်သည် ညသန်းခေါင်နှင် နံနက်စောစောအကြားတွင်ဖြစ်ပြီး ငါးနာရီခန့်လောက်ရှိနေပြီး အလင်းရောင်မရှိသေး မှောင်နေတုန်းပင်ဖြစ်သည်။ လူရှာရန် အချိန်ကောင်းသည် စားနေချိန် သွားနေချိန်ဖြစ်သောကြောင့် လူအများရှိရာဘက်သို့ လျှောက်လာခဲ့သညါ။ ယွမ်ယန် သည် အရပ်ရှည်ပြီး အထူးသဖြင့် အကြည့်ဖမ်းစားနိုင်သည်။ လမ်းအတိုင်းလျှောက်လာခဲ့သည်။ လူများသည် မကြည့်ဘဲမနေနိုင်ကြချေ။

ခေါင်းကို ငုံ့နိုင်သမျှငုံ့ထား၍ လျို့ချန်း ပုံကို ပုံဖော်နေမိသည်။

ယွမ်ယန် သည် မြို့လည်ဘက်သို့ ဦးဆုံး သွားခဲ့ပြီး စက်ဝိုင်းပုံသဏ္ဍာန် ကြမ်းပြင်ဘက်သို့ သူလမ်းလျှောက်လိုက်သည်။ နေရာ၏ သွင်ပြင်သဏ္ဍာန်ကို ကြည့်လိုက်ပြီးနောက် လျို့ချန်း လေးလွှာမြောက်တွင် ထွက်ပြေးနိုင်သည်ကို သေချာစစ်ဆေးပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ အပေါ်ထပ်သို့ ဖြေးဖြေးချင်းတက်လာခဲ့လိုက်သည်။

တမိနစ်ကြာပြီးနောက် လုံခြုံရေးတံခါးဟောင်းရှေ့၌ မတ်တပ်ရပ်လိုက်ကာ တံခါးဘဲကို တီးလိုပ်သည်။

ဘဲမြည်သံသည် အချိန်ကြာမြည်ပြီးနောက် အိမ်အတွင်းမှ အလျင်စလိုလာနေသော ခြေသံနှင့်အတူ ယောက်ျားတစ်ယောက်အသံကိုပါ ကြားလိုက်ရသည်။

"ဘယ်သူလဲ"

"ပြင်ဆင်စရာလေးတွေ ရှိလို့ပါ"

ယွမ်ယန် အသံကိုနှိမ့်ပြောလိုက်သည်။ ခေါင်းကို မသိမသာ ငုံ့ထားကာ စင်္ကြံမီးကိုလည်း ပိတ်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် အပေါက်အသေးလေးက ချောင်းကြည့်လျှင်ပင် သူ့ကိုသိနိုင်စရာမရှိချေ။

'မန်နေဂျာက ဘာလုပ်စေချင်တာလဲ"

"အောက်ဘက်က ရေချိုးခန်းပျက်နေလို့ ပြောသံကြားလို့"

အထဲက တွန့်ဆုတ်နေ့ပီးနောက် တံခါးဖွင့်လာသည်

"ဘယ်အိမ်က"

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now