ခင်ဗျားကို ကူညီရင် ကျွန်တော့ဆုလာဘ်က ကျွန်တော့ခွကြားထဲ ခင်ဗျားခါးတင်နေဖို့ပဲ

14K 2.3K 146
                                    


For Zawgyi
စားသောက်ပြီးနောက် ယွမ်ယန် သည် မီးဖိုးချောင်သို့ဝင်ကာ နောက်ထပ်သုံးလို့ရသေးသည်များကို သိမ်းဆည်းနေသည်။

ရှင်းလင်းပြီးနောက် ယွမ်ယန် သည် စာဖတ်ခန်းသို့သွားပြီး ခွေးခြေယူကာ ကု အနီးတွင်ထိုင်လိုက်၍ ပြောသည်။

"အဲ့ကိစ္စက အချက်အလက်တွေကို ကျွန်တော့ကို ဖတ်ပြ"

ကုချင်းဖေ ၏ မျက်ခုံးအစုံသည် မြင့်တက်သွားသော်လည်း တောင်းဆိုချက်အား လိုက်လျောသည့်အနေဖြင့် အချက်အလက်ဖိုင်ကို သူ့ကိုကမ်းပေးရင်း ပြောလိုက်သည်။

"နားကော နားလည်လို့လား"

သူ့လက်ထဲရှိ မပါးလှသော ဖိုင်ကို လှုပ်ခါရင်း ယွမ်ယန် က ပြောသည်။

"တရုတ်လိုရေးထားတာမဟုတ်ဘူးလား"

ကုချင်းဖေ သည် မျက်မှန်ကို နှာခေါင်းပေါ် ပင့်တင်လိုက်ရင်း သူနှင် ရန်ပြိုင်ဖြစ်ရန် စိတ်မပါသောကြောင့်

"ဒီကိစ္စရဲ့ ဖော်ပြချက် အနှစ်ချုပ်ကို ကိုဟ်မင်းကို ပေးမယ်... ပြီးရင် အချက်အလက်တွေကို ကြည့်ထား... ဒါပေမဲ့ ဂရုတစိုက်နဲ့ လေ့လာထား သေချာလုပ်ရမဟ် ... အခက်အခဲတွေ့ရင် မနက်ဖန်ည နားလည်အောင် ကိုယ်နဲ့အတူ ရှင်းပြလို့ရတယ်... မနက်ဖန် တနင်္ဂနွေနေ့ဆိုတာ မင်းသိပြီးသားနော် ... တနင်္လာနေ့ မင်းထွက်မသွားမီ ဒီကိစ္စနဲ့ အကျွမ်းတဝင်ဖြစ်ဖို့ အချိန်တစ်ရက်ပဲရှိတော့တယ်... XX city ကို တိုက်ရိုက်ရောက်မဟ့် လေယာဉ်နဲ့သွား ဒါမှ ဟိုမှာ မေးတာ မြန်းတာနဲ့ အချိန်က ကွက်တိကျမှာ... ဟိုမှာအချိတ်အဆက်ရပြီးတာနဲ့ လိုအပ်ရင် ဖုန်းခေါ်လိုက်... ကိုယ်ရှိနေမယ် "

"သိပြီ ... အခုကိစ္စကို ပြောရအောင်"

ယွမ်ယန် အား ထိုအကြောင်းကို ရှင်းပြရင် နာရီအနည်းငယ်မျှ အချိန်ကုန်သွားသည်။

ကုချင်းဖေ သည် ဥပဒေရေးရာနှင့် မကျွမ်းကျင်သလို အမှုအခင်များ သို့ ပြည်နဟ်ဆိုင်ရာ အမူကိစ္စများတွင် သူမြင်သာအောင် နေလေ့မရှိသော်လည်း ရှေ့နေများနှင့် စပ်တူလုပ်ငန်းတစ်ခုတော့ ရှိသည်။ သူတို့နှစ်ဦးလုံးသည် အလုပ်လုပ်ရင်း ပြီးခဲ့သော ခြောက်နှစ်အတွင်း တန်ဖိုးရှိသော အဖိုးတန်အရည်အချင်းများ စုဆောင်းမိခဲ့သည်။ ထိုကြိုးပမ်းအားထုတ်မှုမှ ရလာသော ဝင်ငွေသည် ပုံမှန်လစာထက် ပို၍ပင် မြင့်သေးသည်။ ဒါရိုက်တာ ယွမ် သာ ကြားဝင်ပြီး ကုမ္ပဏီ အသစ်ဆီ သူ့ကိုမခေါ်ခဲ့လျှင် ဒီအလုပ်မှ သူနှုတ်ထွက်ပြီး ၄င်း၏ အဓိက စီးပွားရေးလုပ်ငန်းကို စတင်လုပိကိုင်ရန်နှင့် ထပ်မံ၍ တိုးချဲ့ရန် စီစဉ်ထားသည်။

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now