ယွမ်ယန် တစ်ယောက် သူ့အဖေ၏ အဟောက်ခံရခြင်း

9K 1.5K 97
                                    

For Zawgyi

Chapter 65

ဒါရိုက်တာ ယွမ် သည် ယွမ်ယန် ကို ခက်ထန်စွာ စိုက်ကြည့်နေရင်း အော်ပြောလိုက်သည်။

"မင်း အရင်သွားစားနှင့် ငါသူ့ကို ပြောစရာရှိနေလို့"

ဝူကျင်းလန်သည် တွေဝေနေပြီးနောက် လှည့်ထွက်သွား၍ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။

ဒါရိုက်တာ ယွမ် လက်သီးသည် စားပွဲပေါ်တွင် တင်ထားကာ တင်းကျပ်စွာ ဆုပ်ထားသည်။ ဒေါသထွက်ပြီးသည့်နောက် ဤအရှုပ်ထုပ်အား မည်ကဲ့သို့ ရှင်းပစ်ရမည်ကို သူစဉ်းစားနေသည်။ စီးပွားရေး လောက အရှုပ်အထွေးများကြား ဒီလိုမျိုး ပါဝင်ပတ်သက်လာလိမ့်မည်ဟု စိတ်ကူးပင် မယဉ်ဖူးခဲ့ချေ။

ယခုတော့မူ ဤကိစ္စကြောင့် သူခေါင်းကိုက်နေရပြီ ဖြစ်သည်။ ဤကိစ္စသည် ရှေ့နေရှေ့ရပ်များနှင့် မဆိုင်သော်ငြား မနှသ်မြို့ဖွယ်ရာ ပုံများတွင် ယွမ်ယန် က အပုံကြီးပါဝင်နေလေသည်။

ယွမ်ယန် သည် စားပွဲပေါ်ရှိ မှတ်စုတို ကို ကောက်ယူလိုက်ပြီး အလျင်အမြန် ကြည့်ပြီးနောက် အေးစက်သော အကြည့်တို့ဖြင့်

"အဖေ ကျွန်တော်သွားရှင်းလိုက်မယ်"

အိတ်ကပ်ထဲသို့ ထိုမှတ်စုကို သူထည့်ချင်သည်။

ဒါရိုက်တာယွမ် က ဆတ်ခနဲ လုယူလိုက်ပြီး ကြိမ်းမောင်းလိုက်သည်။

"မင်းက ဘာလုပ်ချင်နေတာလဲ…  မင်း သူ့ကို မသတ်နိုင်ပါဘူး ဒီလောက်လူတွေအများကြီးတောင် သူ့ကို မဖမ်းနိုင်တာ… မင်းက ကိုဟ့်ကိုယ်ကို အရမ်းတော်တယ်ထင်နေတာလား … မင်းအမေက လုပ်နိုင်တဟ်ဆိုရင်တောင် လူအများကြီး စုံစမ်းမနေဘူး … ဘယ်လောက်ရှက်စရာကောင်းသလဲ"

ဒါဒါရိုက်တာယွမ် သည် ပြောရင်း ပြောရင်းဖြင့် ပို၍ ဒေါသထွက်လာကာ စားပွဲခုံကို အားဖြင့် ရိုက်ချလိုက်သည်

ယွမ်ယန် က အံကိုကြိတ်ထားပြီး ပြောလိုက်သည်

"အဖေ ကျွန်တော့ကို တားလို့မရဘူး … ကျွန်တော့နည်း ကျွန်တော့ဟန်နဲ့ လုပ်မယ်"

"မင်း သောက်ပြသနာတက်အောင် လုပ်နေတာလား…  ဒီပုံတွေ အပြင်ကို ပျံ့သွားကြည့် … ငါတို့ ယွမ် မိသားစု မျက်နှာ ဘယ်နားသွားထားရမလဲ"

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now