မင်းငါ့ကိုချတိုင်း ဘာလို့ငါကသတိလစ်သွားရတာလဲ...ညှာတာမှုရှိစမ်းပါ

15.6K 2.3K 203
                                    

For Zawgyi

ကုချင်းဖေ သည် ဘယ်ကြည့်လိုက် ညာကြည့်လိုက်ဖြင့် နိုးနိုးကြားကြားရှိနေသည်။ နှစ်နာရီ ထိုးပြီးဖြစ်သော်လည်း ယွမ်ယန် ကမူ ယခုအချိန်အထိ ရောက်မလာသေးပေ။

နည်းနည်းထူးဆန်းနေသည်ဟု ကု ခံစားမိသည်။ ယွမ်ယန်၏ ကျော်ကြားလှသောဒေါသနှင့် ယနေ့ သူလုပ်ခဲ့သော လုပ်ရပ်ကို ဒေါသမဖြစ်ဘူးဆိုလျှင် အတော်လေးကို ထူးဆန်းသော ကိစ္စဖြစ်နေသည်။ သူက နည်းနည်းလေးတောင် အတိမ်းအစောင်းခံသူမဟုတ် ဒီနေ့ ကု က သူ့ကို လူကြားထဲ အရှက်ခွဲခဲ့သည်။ သူ့အိမ်တံခါးကို ဖျက်ဝင်ကာ သူ့ကိုအမဲဖျက်လိမ့်မည်ဟု ကု အတည် ထင်ခဲ့သည်။

အခုတော့ အဲ့လဒက ကောင်းကောင်းအနားယူပြီး အိမ်မက်ထဲ နတ်သမီးငါးရာလောက်နဲ့ စံနေလောက်ပြီ

ထို့ကြောင့် ကု ပျော်ရွှင်စွာ သက်ပြင်းချမိသည်။ ဒီနေ့ ယွမ်ယန် အပေါ် အောင်မြင်ခြင်းရဲ့အရသာက သူ့နှလုံးသားကိုပျော်ရွှင်ခြင်းများ ပြည့်လျှံအောင် ဖြည့်တင်းလိုက်သည့်နှယ်။ ယွမ်ယန် ၏ စိတ်သောကရောက်နေသော မျက်နှာနှင့် လက်စားချေမည့်ကတိကို ပြန်စဉ်းစားလိုက်ပြီး အိပ်စက်ရန်မျက်လုံးများကို မှိတ်လိုက်သည်။

သန်းခေါင်ယံအခါ သူအိပ်မောကျနေချိန် အိမ်ဘဲလ်က ရုတ်တရက်မြည်လာသည်။

ကုချင်းဖေ နိုးလာကာ နာရီကြည့်လိုက်တော့ သုံးနာရီသာရှိသေးသည်။ ဒီလို အချိန် သူ့ကို လာနှောင့်ယှက်ရဲသူမှာ တစ်ကောင်သာရှိသည်။ ဖာ့ပဲ

ဒီချီးထုပ်ကောင် သူ့ အိပ်မက်ကို နှောင့်ယှက်ရန် တမင်သက်သက် ညသန်းခေါင် လာရှုပ်ခြင်းဖြစ်သည်၊

ကုချင်းဖေ သည် အိပ်ရာပေါ်မှ ဆင်းလိုက်သည်။ မြည်နေသော ခေါင်းလောင်းသံက စိတ်ရှုပ်စရာကောင်းလောက်အောင် ထွက်နေပြီး သူ့ကို အမြန်နှုန်းဖြင့် တံခါးလာဖွင့်အောင် ဖိအားပေးနေသလိုပင်။

သူတံခါးဖွင့်လိုက်ပြီးနောက် အံ့အားသင့်သွားရသည်။

တံခါး အပြင်မှာ ရပ်နေတာက ယွမ်ယန်... ဒါပေမဲ့ ထူးဆန်းသည်က သူ့ခြေဖဝါးနားက သေတ္တာအချို့

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now