For Zawgyi
နောက်တနေ့ မိုးလင်းရောက်သည့်တိုင် ကောင်းကင်က မှောင်နေတုန်းပင် ဖြစ်သည်။ ယွမ်ယန် နိုးလာချေပြီ
ယွမ်ယန် သည် နံနက်စောစော ထလေ့ရှိသူဖြစ်သောကြောင့် နာရီနှိုးစက်မလို အလိုလို နိုးလာ၏။ သို့သည်တိုင် ကုချင်းဖေ ကို သူ့ရင်ခွင်အတွင်း ထားအိပ်ရသော ခံစားချက်သည် တကယ်ကောင်းမွန်လှသည်။ ကုချင်းဖေ က နွေးထွေးပြီး သက်သောင့်သက်သာ ရှိစေသည်။ ယွမ်ယန် နှာခေါင်းသည်လည်း ကုချင်းဖေ ကိုယ်သင်းနံ့များဖြင့် ပြည့်နေလျက်။ ကုချင်းဖေ ၏ ပူနွေးနွေး အသားအရေက သူ့ရင်အုပ်နှင့် ထိနေသည်။ သူ့ကို တင်းတင်းကျပ်ကျပ် ထွေးပွေးထားခြင်းကို ခံနေသည်က သူ့အပိုင်ဖြစ်သည်မှန်း ရှင်းလင်းစွာ ပို၍ ရှင်းလင်းစွာ ပြနေသကဲ့သို့ သူဒါကို လက်လွှတ်မခံနိုင်ပါ။
ကုချင်းဖေ လည်ပင်းသားကို နှာခေါင်းဖြင့် ပွတ်သီးပွတ်သတ်လုပ်လိုက် ကျောကို ညင်ညင်သာသာ အနမ်းပေးလိုက် သူလုပ်နေသည်။ အကယ်၍ ကုချင်းဖေ သာ သူ့လက်မောင်းပေါ် ကောင်းကောင်းအိပ်မောကျနေလျှင် ယွမ်ယန် မကြားချင်သော စကားများကို မကြားရတော့
ထိုသို့ ပွတ်သီးပွတ်သပ်လုပ်ပြီးနောက် ကုချင်းဖေ နိုးလာ၏။ အိပ်မှုန်စုံမွှား ခြောက်ကပ်ကပ်အသံဖြင့် မေးလာသည်
"မင်းနိုးနေပြီလား …ဘယ်နှနာရီထိုးနေပီလဲ'
"ငါးနာရီ"
"မင်းပြေးဦးမှာလား"
"အင်း"
ကုချင်းဖေ သူ့မျက်လုံးများကို မှိတ်လိုက်ပြီး ပြန်ဖွင့်လာပြန်သည်
"ကိုယ် သွားရမယ်… အခန်းကို ပြန်ရမယ်လေ"
ယွမ်ယန် က ဆူပုတ်ပုတ်ဖြင့်
"မပြန်လည်း ဘာမှမဖြစ်ဘူး"
"မိုးလင်းလို့ အိမ်အကူက အခန်းထဲ လာခေါ်ရင် ကိုယ်ဘယ်လိုလုပ်မလဲ"
"လုပ်စရာ ဘာရှိလဲ"
ကုချင်းဖေ က သူ့ကို အသံတိုးတိုးဖြင့် ပြောသည်
"မင်း စိတ်ရှုပ်နေတာလား… ကိုဟ်တို့က မင်းမိဘအိမ်မှာလေ… အချိန်မရွေး သူတို့တွေ့သွားနိုင်တယ်"
DU LIEST GERADE
Beloved Enemy (Myanmar Translation) (Completed)
Romantikcredit to original author Shui Qian Cheng. This story belongs to Rosy0513 and Joell55. I am just a translator. This cover photo is not belong to me.