Ch 73 : ကု တို့ဘက်က အဖေ့ထက်စာ ပိုဖော်ရွေတယ်

11K 1.8K 178
                                    

For Zawgyi

ကုချင်းဖေ မိဘများသည် ကျွေးမွေးဧည့်ခံနေစဉ် အတောအတွင်း ယွမ်ယန် အကြောင်းများကို မေးမြန်းလေတော့၏။ အသက်ဘယ်လောက်လဲ ဘယ်မှာနေလဲ မောင်နှမဘယ်နှယောက်ရှိသလဲ မင်းအလုပ်က ဘာလဲ အစရှိသဖြင့် မပြီးဆုံးနိုင်သော မေးခွန်းများကို မေးကြ၏

ကုချင်းဖေ က မေးခွန်းများ ဆက်မမေးစေချင်သော်လည်း စကားစကို မည်သို့ဖြတ်ရမည်ကို မသိသလို သူကိုယ်၌ကလည်း စကားပြောချင်စိတ်မရှိသောကြောင့် သူ၏မိဘနှင့် ယွမ်ယန် စကားပြောနေသည်ကို ကြည့်ရင်း တိတ်တိတ်ဆိတ်ဆိတိသာ စားနေတော့သည်။

မသိလျှင် တကယ့်မိသားစုဝင်များလိုပင်။

ထိုပုံရိပ်ကိုကြည့်ပြီး ကုချင်းဖေ ဝမ်းနည်းမိသည်။

စားသောက်ပြီးနောက် ထမင်းပန်းကန်များ တူများကို သိမ်းဆည်းသန့်ရှင်းရေးလုပ်နေချိန်ကို အခွင့်ကောင်းယူကာ ယွမ်ယန် ကို သေချာမကြည့်ဘဲ အသံတိုးတိုးလေးဖြင့်

"အပြင်ထွက်လမ်းလျှောက်ရအောင်"

ယွမ်ယန် သည် ထိုင်ခုံမှာ ထိုင်နေရင်း ကုချင်းဖေ ကိုကြည့်လာသည်။ မျက်ဝန်းထဲတွင် သံသယအပြည့်ဖြင့်

"အပြင်ထွက်လိုက်ရင် ကျွန်တော့ကို အထဲပြန်အဝင်ခံမှာလား"

"ဒါကိုယ့်မိဘအိမ်လေကွာ မင်းမလာသင့်ဘူး"

"ဘာလို့ ကျွန်တော်က မလာသင့်တာလဲ ... ကျောက်ယွမ် ကျ လာလို့ရတယ်လား ... လာလို့ရတဟ်ထားပါဦး ... သူကျလာလို့ရပြီး ကျွန်တော်ကျ ဘာလို့မလာရမှာလဲ"

ကုချင်းဖေ သက်ပြင်းချလိုက်ပြီး

"ထတော့ ... လမ်းထွက်လျှောက်ရအောင်"

ယွမ်ယန် ကို ပို၍ ဒေါသထွက်ရသည်။

ကုချင်းဖေ အမေက သစ်သီးများဖြင့် မီးဖိုချောင်မှ ထွက်လာသည်။

"ဘာဖြစ်နေကြတာလဲ"

ယွမ်ယန် က ဘာမှပြန်မပြော ကုချင်းဖေ က ပြောလိုက်သည်

"မေမေ ကျွန်တော်ပြောစရာနည်းနည်းရှိလို့ ပြီးမှ ပြန်လာခဲ့မဟ်"

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now