Ch 106

12.5K 1.7K 116
                                    

For Zawgyi

ကုချင်းဖေ သည် တယ်လီဖုန်းမြည်သံကြောင့် နိုးလာသည်။ သူမျက်လုံးဖွင့်လိုက်သောအခါ သူ့ပတ်ဝန်းကျင်က မှောင်လာပြီဆိုတာကို သူသိလိုက်ရသည်။ သူကပြတင်းပေါက်ကနေ လွင့်မျောလာသော လအလင်းရောင်ဖြင့် ဧည့်ခန်းထဲမှာရှိနေသေးသည်ကို သူမြင်ရုံမျှသာ မြင်ရ၏။

သူအိပ်ပျော်သွားသည် ဒါမှမဟုတ် အဖျားကနေ သူကျော်လွန်သွားနိုင်သည်။ သူ့ခန္ဓာကိုယ်သည် ကျောက်တုံးတစ်တုံးက တက်ဖိထားသလို ခံစားရသည်။ သူ့လက်ချောင်းများကိုတောင်မှ မ မနိုင်ဘူး။ သူခေါင်းက နာကျင်စွာ ကိုက်ခဲနေသည်။ စိတ်မပါစွာဖြင့် သူကလက်ကိုဆန့်၍ ကော်ဖီစားပွဲပေါ်ရှိဖုန်းကို ထိလိုက်ပြီး အဖြေခလုတ်ကိုနှိပ်လိုက်သည်

သူ့အသံထွက်လာသော်လည်းး အတော်လေးကို အက်ရှနေသည်။

အခြားတစ်ဖက်တွင်မူ ယွမ်ယန် သည် သူ၏ယိုယွင်းနေသောအသံကို ကြားနိုင်သည်။ သူပြောချင်သောစကားများကို သူပြန်ရုပ်သိမ်းလိုက်သည်။ သူ့နှလုံးသားက တင်းကျပ်စွာဖြင့်

"ခင်ဗျား အဆင်ပြေရဲ့လား”

ကုချင်းဖေ က အားနည်းစွာ ညည်းညူသည်။

"ငါ့ အေးအေးဆေးဆေး နေချင်တယ်" "ငါ့ကိုဆေးဝါးတချို့ယူလာပေးပါ"

"ကျွန်တော့ကိုစောင့်နေ"

ယွမ်ယန်သည်  ချက်ချင်း ဖုန်းချလိုက်သည် သူ့ကားသော့များကိုဆုပ်ကိုင်ရင်း သူသည် အဝတ်အစားလည်းမလဲ ဖိနပ်အပါးသာစီးပြီး အသည်းအသန် ထွက်လာ၏

ကုချင်းဖေ သည် သက်ပြင်း အကြီးအကျယ် ချလိုက်ပြီး ခေါင်းမူးလာသည်။ သူ အားနည်းကာ အိပ်ပျော်သွားသည်။ 

သူသည်အချိန်မည်မျှကြာသွားသည်ကို မသိသော်လည်း တံခါးဘဲလ်သည် အဆက်မပြတ်မြည်လာပြီး အလွန်အရေးပေါ်အသံဖြစ်နေသည်။

ကုချင်းဖေ သည်အသံကြောင့် အလွန်စိတ်ပျက်သွားသည်။ သူသည်အိပ်ရာပေါ်မှ ကုန်းရုန်းထကာ တံခါးဖွင့်ရန်ကြိုးစားသည်။

ယွမ်ယန် ကို တွေ့သောအခါ သူသည်တုန်လှုပ်သွားသည်။ အဖျားကြီးလွန်း၍ သူသည် ယွမ်ယန် နှင့်ဖုန်းပြောခဲ့သည်ကို မေ့နေသည်။ တကယ်တော့ သူသည် ထိုအချိန်က ဘယ်သူနဲ့စကားပြောနေမှန်းတောင် မသိခဲ့။ သူကဒီဖျားနာမှုကနေ ကယောင်ကတမ်းဖြစ်လာပြီး သူ့ကို အလိုလို အကူအညီတောင်းခဲ့သည်။

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now