Ch 75

11.7K 1.6K 151
                                    

For Zawgyi

ကုမ္ပဏီ၏ အတွင်းဘက်စာမျက်နှာဟူသည် အမှန်မှာ အွမ်လိုင်းစီမံခန့်ခွဲမှု ရုံးစနစ်တစ်ခုဖြစ်သည်။ ကုမ္ပဏီ၏တရားဝင် ၀န်ထမ်းတိုင်းတွင် စနစ်အတွင်းရှိ ဖိုင်များကို upload လုပ်၍ download လုပ်သော အကောင့်တစ်ခုရှိသည်။ QQ messenger group ထက် ပိုမိုရိုးရှင်းသည့် တွေ့ဆုံဆွေးနွေးမှု ပလက်ဖောင်းငယ်တစ်ခုလည်းရှိသည်၊ ထို့ကြောင့် ၀န်ထမ်းအများစုသည် QQ ၌ စကားမပြောကြပါ။ OA စနစ်များသည် အမြဲတမ်းလိုလို အလုပ်သမားများက အသုံးပြုနေသည်။

ကုချင်းဖေ သည် ဤစနစ်အသုံးပြုသူတွင်မပါဝင်ခဲ့ပါ။ အရေးကြီးသောစာရွက်စာတမ်းများကို သူ၏စားပွဲခုံသို့ တိုက်ရိုက်ပေးပို့သောကြောင့် သူသည် ကျန့်ရှ သုံးသော ဤအကောင့်နှင့်စကားဝှက်ကို မှတ်ပုံတင်ထားသော Notepad ကိုရှာရန် အချိန်ယူလိုက်ရသည်။

သူလိုင်းတက်ပြီးနောက် ယနေ့အွန်လိုင်းလူဦးရေသည် မကြုံစဖူးမြင့်မားကြောင်း တွေ့ရှိခဲ့သည်။ဖိုင်အမည်မှာ \"ကုချင်းဖေ\" ဖြစ်သည်ဟူသော အီးမေးလ်သတိပေးချက်အသစ်ကို စနစ်က လျင်မြန်စွာပေါ်ပေါက်လာသည်။"

ကု ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရပြီး ဖိုင်ကို ဖွင့်လိုက်သည်။

ဖိုင်တွင်း၌ ဓါတ်ပုံအချို့

မှေးမှိန်သော မပြတ်သားသော အလင်းရောင်၌ နောက်ခံက ဟိုတယ် အခန်း မှေးမှိန်သော ပုံများကြည်လာသည့်အခါ သူမြင်ရသည်က ရှင်းလင်းနေသော သူ့မျက်နှာ

သူ့သွေးစီးဆင်းမှုများ ရပ်တန့်သွားသလိုပင်

သူ ဒီဟိုတယ်ကို မမေ့ပါ ဟန်ကျိုး၏ ညတစ်ည အလုပ်ကိစ္စဖြင့် ခရီးသွားစဉ်အခါက ယွမ်ယန် နှင့် ရင်ဆိုင်ခဲ့ရသည့်ည ထိုဟိုတယ်တွင် ယွမ်ယန် ရှိနေပြီး MB က သူ့ကို ဆေးခတ်ခဲ့သော ည

 Mail မှ ဓါတ်ပုံသည် လေး ငါးခုသာရှိပြီး ယွမ်ယန် ၏မျက်နှာနှင့်ကိုယ်ခန္ဓာသည် မြင်သာထင်မှုမရှိ မြင်နေရသည်က ကု ခါးအထက်ပိုင်းမှာ ပုံများသာ

ပုံများက နည်းသည်ဟုဆိုသော်ငြား ကြည့်မိသူတိုင်း အိပ်ရာထဲက ကိစ္စမှန်း သိနိုင်ကြသည်။ သူနှင့် ရှုပ်ထွေးနေသော တစ်ယောက်သည် ယောက်ျားမှန်းသိနိုင်သည့် အနေအထား အသက်သုံးဆယ်ကျော်အရွယ် သူ့မျက်နှာကို ကွန်ပျူတာမျက်နှာပြင်မှ တဆင့်ကြည့်မိသည်။ သူ့မျက်နှာတွင် ချွေးများစို့လျက် မျက်လုံးများက ရီဝေကာ ခံစားချက်မျိုးစုံကို ဖော်ပြနေသည့် အနေအထား မူးယစ်သောက်စားထားသလိုမျိုး ကြည့်မိသူတိုင်းက သူမူးနေသည်ဟု ထင်ကြမည်သာ…  ဆေးမိထားသည်ဟူသော အမှန်တရားက သူတစ်ယောက်သာ သိသည်မို့

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now