မင်း ဘာလုပ်မလို့ ငါ့အခန်းထဲ လာနေတာလဲ ထွက်သွားစမ်း(Zg+Uni)

18.3K 2.5K 132
                                    

For Zawgyi

ခန္ဓာကိုယ်သည်လည်း သူ့ခံနိုင်ရည်ဖြင့်သူ ဖြစ်သောကြောင့် ကု အဖျားမကျဘဲ ယခုထက်ပို အိပ်မောကျစေရန်အတွက် မျက်လုံးသာမှိတ်ထားတော့သည်။
သူဘယ်အချိန်အထိ အိပ်ပျော်သွားသည်မသိ ဖုန်းမြည်သံကြားမှပင် နိုးလာတော့သည်။ခေါ်သူက ဒါရိုက်တာ ယွမ်လိကျန်း

"ဟယ်လို ယွမ်လိကျန်း"
ကု နှုတ်ဆက်လိုက်သည်။ အပြန်တွင်သူတို့စီမံကိန်းကို အထောက်အကူပေးရန် ပြောခဲ့သည်ကို ပြန်အမှတ်ရမိသည်။ယခုအချိန်အထိ ကိုက်ခဲနာကျင်နေ၍ သူအိပ်ရာပေါ်ကပင် မထချင်ပေ။

"အိုး ကုချင်းဖေ ,
ယွမ်ယန် ကပြောတယ် မင်းဖျားနေတယ်လို့ … တော်တော်ခံစားရမှာပဲ…"

"ဟုတ်တယ် သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့ .
. မနက်ဖန်လောက်ဆို … ထနိုင်လောက်မှာပါ…"

"နေ နေ မင်းမသွားပါနဲ့ အေးဆေးသာအနားယူ... ကိုယ့်သားကိုပဲ ခေါ်သွားမယ်... အဲ့အကောင် မင်းကို ဒူက္ခပေးသေးလား"

ကု တမင်တကာ လုပ်ချောင်းဆိုးကာ အားနည်းသည့်လေသံလေးဖြင့်
"ယွမ်ယန် က ကလေးသာသာပါပဲ... တခါတလေ ကလေးဆန်ဆန် လုပ်တတ်သေးတယ် လူငယ်တွေက များသောအားဖြင့်  ရှေ့နောက် လည်း မစဉ်းစားတတ်ကြဘူးလေ... နောက်ဆက်တွဲ အကျိုးဆက်တွေကလည်း ရှိသေးတယ် တနေ့တော့ သူတည်ငြိမ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ် အဲ့အချိန်ရောက်အောင် ကျွန်တော်တို့ စိတ်ရှည်ရမယ်... တဖြေးဖြေးချင်း ပြုပြင်ယူရမှာပေါ့ဗျာ … အရေးအကြီးဆုံးက ကလေးအနာဂါတ်ပဲ"

ယွမ်လိကျန်း က သက်ပြင်းချလိုက်ပြီး
"ချင်းဖေ မင်း နောက်နေတာလား … ကိုယိ့မှာ အမှန်တကယ် ရွေးချယ်စရာမရှိပေမယ့် သူက ကိုယ့်သားပါ မင်း ကိုယ့်ကို ကူညီပေးစေချင်တယ်... ကိုယ် ကောင်းကောင်း မအုပ်ချုပ်နိုင်ခဲ့လို့ သူဒီလိုဖြစ်နေတာ ပြောရမယ်ဆို ရှက်စရာပါကွာ.. ဒီကလေးကို မင်းကို အပ်ပါတယ်.. မင်းကို သဘောကျမိတာလည်းပါသလို ယုံကြည်တာလည်းပါတဟ်ကွာ ,.မင်း သူ့ကို ပညာပေးနိုင်မယ်ဆိုတာကိုယ် အလိုလိုသိနေတယ် ... ချင်းဖေ...
ယွမ်ယန် ကို အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ပေးနေသရွေ့ ဒီလူကြီးက မင်းကို ကျေးဇူးတင်နေမှာပါကွာ"

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now