🛑🛑Ch 118 [Complete]🛑🛑🛑

32.6K 2.1K 279
                                    

For Zawgyi

ယွမ်ယန် သည် ကုချင်းဖေ ၏ဗီရိုထဲသို့ သူဝယ်ယူခဲ့သောအဝတ်များကို ချိတ်ဆွဲလိုက်သည်။

ကုချင်းဖေ ကပြုံးလိုက်ပြီး

" မင်းကရဲတယ်နော် နေဆိုတာနဲ့ နေတော့တာပဲ"

" အန်တီပြောတာကို ကျွန်တော်က ခံစားမှုမရှိ ဘယ်လိုငြင်းရမလဲ... ပြီးတော့"

ယွမ်ယန် ခေါင်းကိုလှည့်ပြီးပြုံးလိုက်သည်။

" ခင်ဗျားရဲ့အိပ်ရာပေါ်မှာ အိပ်နေရတာဟာ လုံးဝတရားမျှတတယ်။ "

ကုချင်းဖေ သည် ယွမ်ယန် ၏ နောက်ကျော မှနေ၍ သူ၏အဝတ်အစားများရှေ့သို့ လက်ကိုဆန့်၍ သိုင်းဖက်လိုက်ပြီး သူ့၏ ဝမ်းဗိုက်ကြွက်သား အမြောင်းလိုက်ကို ထိတွေ့လိုက်ကာ သူလက်များကို ပြန်ရုတ်လိုက်ပြီး တိတ်တိတ်လေး ပြုံးလိုက်သည်။

"ကိုယ့်မိဘတွေ ဒီလိုစိတ်ရှင်းနေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး မင်းပြောတာမှန်တယ်၊ သူတို့စိတ်ပူပန်မှုကို ကိုယ်တို့ဘယ်လိုလျှော့ချနိုင်မလဲ။ "

ယွမ်ယန် သည် ကုချင်းဖေ ၏ ဖြားယောင်းသွေးဆောင်မှုကို မည်သို့တားဆီးနိုင်မည်နည်း။ အဝတ်တွေကို သူ့လက်ထဲက ဖယ်ပစ်လိုက်ပြီး သူချက်ချင်းလှည့်လိုက်ကာ ကုချင်းဖေ ကို အိပ်ရာပေါ်တွန်းလှဲ၍ ဖိထားလိုက်ပြီး

"ဒီနေ့ ကျွန်တော့ကို စိတ်လာဆွနေတာလား ခင်ဗျားဘာဖြစ်နေတာလဲ "

ကုချင်းဖေ သည်သူ့မျက်စိကိုမှိတ်ပြလိုက်ကာ ရဟ်လိုက်ပြီး

"ကိုယ်မသိဘူး... ဒီ ညနေမှာ နူးညံ့ပျော့ပျောင်းတဲ့လိပ်ခွံ အရမ်းစားမိလို့ဖြစ်နိုင်တယ်"

T / N - နူးညံ့ပျော့ပျောင်းသော လိပ်ခွံတွင် ကာမအားတိုးသော စွမ်းရည်ရှိသည်

ယွမ်ယန် သည်သူ၏နှုတ်ခမ်းကို ညင်ညင်သာသာကိုက်လိုက်သည်

" တကယ်လား၊ ခင်ဗျားရဲ့အတွင်းပိုင်းက ဆာနေပြီလားဆိုတာ ကြည့်ရအောင်"

ပြောပြီးသည်နှင့် သူ့လက်က ကုချင်းဖေ ၏အကောင်ပေါက်ကို ညင်ညင်သာသာ ဆွဲဆုပ်ကာ နှစ်ကြိမ်ညှစ်လိုက်သည်။

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now