ယွမ်ယန် သောက်ရှက်မရှိတဲ့အကောင် ဖြန်း ဖြန်း ရပ်လိုက်တော့(Zg+Uni)

19.5K 2.8K 240
                                    

For Zawgyi

ကုချင်းဖေ သည် သူ၏ နာကျင်မှုကို တောင့်ခံရင်း ကိုက်ခဲနေသော ခန္ဓာကိုယ်နှင့်အတူ ရေချိုးခန်းဆီသို့ ကိုးရိုးကားးရား ထော့နင်းထော့နင်း ဖြင့် လျှောက်ရသည်။ ရေချိုးခန်းထဲက မှန်ကို ကြည့်ရင်း ညက ကိစ္စကြောင့် သူ့ကိုယ်ပေါ်တွင် ကျန်နေသော လက်စလက်နများကို စစ်ဆေးလိုက်ရာ အံသြမှုနှင့်အတူ ဟာခနဲပင် ဖြစ်သွားရသည်။

ယွမ်ယန် ၏ အနမ်းပေးထားပုံသည် ကိုက်စားထားသကဲ့သို့ပင်။ဒီအကောင် အမှတ်များစွာကို ချန်ထားခဲ့ပြီး အနီကွက်များကြောင့် ကု ခမျာ အသက်ဝင်နေသော မြေပုံကဲ့သို့ ဖြစ်နေသည်။ ယွမ်ယန် ... ယွမ်ယန် မင်း ... မင်းက ခွေးပဲ။

ကုချင်းဖေ သည် ရေဘားကို ဖွင့်လိုက်၍ ရေနွေးနွေးလေးဖြင့် သူ့ခေါင်းနှင့် မျက်နှာပေါ်သို့ ဖြန်းလိုက်ပြီး ရွှဲရွှဲစိုစေလိုက်ကာ သူ့ဦးနှောက်ထဲမှာညစ်ညူးနေမှုများကို ရှင်းထုတ်လိုက်သည်။

အရက်သောက်တာ အတော်ဆိုးတယ် အိုး ဘုရားသခင် အရက်သောက်တာ မကောင်းဘူး ဗျာ

ညကအဖြစ်အပျက်များကြောင့် ကု နောင်တရမိသော်လည်း ရပ်တန့်ဖို့ သူ့မှာ စွမ်းအားမဲ့ခဲ့သည်။ နံရံ တစ်ဖက်မှာ ယွမ်ယန် က ချက်ပြုတ်နေသော်ငြားလည်း ကု သူ့ကိုရင်ဆိုင်ဖို့ ကြောက်ရွံ့နေသည်။ သူ့ကို မျက်နှာချင်းဆိုင်ရမည့် အကြောင်း စဉ်းစားမိရုံနှင့် ခေါင်းက ထိုးကိုက်လာသည်။

ကု အမြဲတမ်း ခံစားမိသည်က သူ့ဘဝကို သူသာလျှင်ပဲ့ကိုင်နိုင်သည်။ သူဟာ sex ကိစ္စမှာ တမ်းတမ်းစွဲ မဖြစ်ခဲ့သလို ကြုံရာလူနှင့် လိင်ဆက်ဆံတတ်သော လူမျိုးလည်း မဟုတ်ချေ။ သူ့ရဲ့ လိင်ဆက်ဆံမှု မှတ်တမ်းကြောင်းမှာဆိုလျှင် ဟန်ချက်က ကောင်းကောင်းညီမျှပြီး လိုတာထက်ပိုသော ကျုးလွန်မှု မရှိဘဲ ပျော်ရွှင်မှုရရန် လုံလောက်သော ထိန်းချုပ်မှုရှိခဲ့သည်။

ထိုကိစ္စဟာ သူ့ဘဝကို ကဖျက်ကယက်လုပ်လုနီးပါး ဖြစ်သောကြောင့် သူ့လုပ်ငန်းခွင်ဘဝသည် အတော်လေးကို ရင်တထိတ်ထိတ်ဖြစ်ခဲ့ရသည်။ ဒါပေမဲ့ sex ကိစ္စနှင့် ပတ်သက်ပြီး သူ့ဘဝကို ကပြောင်းကပြန် လုပ်နိုင်လိမ့်မည့်သူ မရှိဟု သူထင်မြင်ခဲ့သည်။ သူ မထိန်းနိုင်တော့ သူ့ခေါင်းကို နံရံနှင့်သာ ဆောင့်လိုက်သည်။ သူ့ခါးက စူးခနဲနာကျင်မှု သူ့ကျောဘက်မှ အောင့်တက်လာမှုများသည် မနေ့ညက ပြသနာ သူ့အပေါ်တွင် ကျန်ရှိနေသေးသည်ကို သူ့အားအမှတ်ရစေပြီး ဒီထက်ပို လျစ်လျူရှုထားရလောက်အောင် သေးငယ်သည့်အရာများ မဟုတ်။

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now