မင်းအဖေက မင်းကို ဘောင်းဘီကျွတ်နဲ့ ဖမ်းမိတာ နောက်စရာမဟုတ်ဘူးနော်

11.7K 1.7K 169
                                    

For Zawgyi

နောက်တနေ့ နံနက်၌ ကု သည် ရုံးခန်းထဲတွင် ထိုင်နေပြီး ဆယ်မိနစ်ခန့်အကြာတွင် ဖုန်းမြည်လာသည်။

ဖုန်းကိုင်လိုက်သည်နှင် တစ်ဖက်လူ ဝမ်ကျင်း ၏ အသံက တည်ငြိမ်စွာတိုးဝင်လာသည်။

"ကုချင်းဖေ … ကိုဟ်ကမင်းဖုန်းခေါ်မှာကိုစောင့်နေတာ… ရှစ်နာရီ ခွဲလောက်ကတည်းက စောင့်နေပေမဲ့ ခံစားချက်မကောင်းဘူးကွာ"

ကုချင်းဖေ က အားတုံ့အားနာ အသံဖြင့်

"ကျွန်တော် မနက်စာ စားနေလို့ပါ"

"အိုး ကိုယ်မေ့သွားတယ် ဝအောင်ကောစားရဲ့လား"

ဝမ်ကျင်း အသံက ဒွိဟဖြစ်နေသောလေသံ ဂရုစိုက်မှုလေသံဖြင့် မေးလာသည်။

ကုချင်းဖေ ခမျာ ချောင်းတောင် ဆိုးမိသည်။

"အကိုဝမ် မနေ့ကလည်း ဒါပဲမေးတာလေ … အကိုနဲ့ အမေးအဖြေလုပ်ဖို့ ကျွန်တော်နောက်လူတစ်ယောက်  ရှာရလိမ့်မယ် … ကျွန်တော့မှ လုပ်စရာတွေကအများကြီး တခါတလေ ကျွန်တော်လည်းမေ့တာပေါ့"

"ထားလိုက်ပါ … ဒါတွေကအရေးမကြီးပါဘူး တကယ်တော့ သတင်းကောင်းပြောမလို့ … ဒီရက်ပိုင်း ကိုယ်သေချာစဉ်းစားမိတော့ … ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကို စီမံကိန်း ရဲ့ တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးမှုမှာ ထည့်ဝင်တော့မယ်"

"အိုး ကောင်းတာပေါ့"

ကုချင်းဖေ ဝမ်းသာအားရပြောလိုက်သည်။  ယွမ်လိကျန်း လက်ထဲတွင် စီမံကိန်းများစွာရှိသည် သို့သော် ငွေပမာဏက အကန့်အသတ်သာရှိ၏။  ထို့ကြောင့် လုပ်ငန်းတော်တော်များများက သက်ဝင်လှုပ်ရှားနေခြင်းမရှိ  ဝမ်ကျင်း နှင့်သာ ပူးပေင်းဆောင်ရွက်မှုက အောင်မြင်စွာ ဖြစ်မြောက်ခဲ့ပါက နောက်သုံးနှစ်အကြာတွင် စီမံကိန်းက ယွမ်လိကျန်း တွင် အကြီးမားဆုံး စက်မှုလုပ်ငန်းများကို ပိုင်ဆိုင်မည့် သူ ဖြစ်လာစေသလို ကု အတွက်လည်း များစွာ ဂုဏ်တက်စရာ ဖြစ်လာလိမ့်မည်။ ကုမ္ပဏီသည်လည်း အကျိုးအမြတ်များစွာ ဖြစ်ထွန်းပြီး ကောင်းကောင်းမွန်မွန် လည်ပတ်စေနိုင်သလို နေရာတစ်ခုတွင်လည်း ပြန်လည်ရပ်တည်နိုင်မည် ဖြစ်သည်။ ဒီသတင်းက သူ့ကို တကယ်ကြီး စိတ်လှုပ်ရှားမိစေပါသည်။

Beloved Enemy (Myanmar Translation) (Completed)Kde žijí příběhy. Začni objevovat