ကု" ဘုရားသခင် မြေကြီးကိုဖွင့်ပြီး တစ်ကိုယ်လုံးကို မြှုပ်နှံပါရစေ"

10K 1.6K 119
                                    

For Zawgyi

Chapter 66

သုံးရက်မြောက်နေ့တွင် ကုချင်းဖေ သည် ပေကျင်း သို့ ပြန်လာခဲ့သည် ယွမ်ယန် ကလည်း ကုချင်းဖေ ကို လေဆိပ်တွင် လာကြို၏

ယွမ်ယန် သည် အရာရာကို ဖုံးကွယ်ချင်နေပြီး ထိုအရာကို ကုချင်းဖေ ဆီက မည်ကဲ့သို့ ပုန်းရှောင်ရမည်နည်းဟု တွေးတောရင်းဖြင့် စိတ်နှင့် လူနှင့်မကပ်သလို ဖြစ်နေရှာ၏။ ယွမ်ယန် ထိုသို့ ဖြစ်နေသည် ကုချင်းဖေ မြင်နေရသောကြောင့် ကားထဲအရောက်တွင် ကုချင်းဖေ က မေးလိုက်သည်။

"မင်းဘာဖြစ်နေတာလဲ... ကြည့်ရတာ ပင်ပန်းနေသလိုပဲ ကောင်းကောင်းမအိပ်ရဘူးလား"

"ဟုတ်တယ်အခုရက်ပိုင်း ... လူမှုရေးကိစ္စတွေက များသား"

"တရုတ်နှစ်ကူးမှာတော့ လူတိုင်းက ပင်ပန်းကြတာချည်းပါပဲ ... ဒါပေမဲ့ ကိုဟ်မင်းကိုကြည့်နေတာ ကိုယ်တောင် မင်းလောက်မပင်ပန်းသလိုပဲ ... ဘာဖြစ်နေတာလဲ ... ပြသနာ တစ်ခုခုရှိနေတာလား ... ကိုယ့်ကိုပြောပါ"

ယွမ်ယန် ခေါင်းသာခါလိုက်သည်

"မရှိပါဘူး... ကျွန်တော်ပင်ပန်းနေလို့ပါ"

ကုချင်းဖေ ကိုသူ့ပြသနာများ မပြောနိုင်ပါ

ကုချင်းဖေ က အပြုံးချိုချိုလေးဖြင့်ပြောလိုက်သည်။

"ယို ယို... မင်း အရမ်း ပင်ပန်းနေတာပဲ မင်းအသက်ဘယ်လောက်ရှိသေးလို့လဲ ...လူတွေရှုပ်ယှက်ခတ်တဲ့အချိန်တွေကို မကြိုက်တတ်တဲ့ မင်းအကျင့်ကို ကိုယ်သိပါတယ် ... ဒါပေမဲ့ ဒီလိုအချိန်ကျ ရှောင်နေလို့မရဘူးမလား... စိတ်မပူပါနဲ့ ... မနက်ဖန်ကျ ဆိုက်ဖန် ကို သွားကြမယ် ... အဲ့မှာဆို ဘယ်သူမှ မင်းကို မနှောင့်ယှက်တော့ဘူး"

ကုချင်းဖေ က ကုတ်အကျီကို ချွတ်လိုက်ပြီး လက်ကို အနည်းငဟ် အပျင်းဆန့်လိုက်ကာ

"ကိုယ်တို့ ကောင်းကောင်း ပျော်ရအောင်... အားလပ်ရက် နှစ်ရက်ရသေးတယ်"

ကုချင်းဖေ က ရှေ့ကိုသာ ငြိမ်ငြိမ်လေး ကြည့်နေပြီး ယွမ်ယန် ကတော့ ဒီအားလပ်ရက်ခရီးစဉ်ကို ဖျက်သိမ်းဖို့ ဘာအကြောင်းပြချက်ပေးနိုင်မလဲလို့ တွေးနေတုန်းပင် ဖြစ်သည်။

Beloved Enemy (Myanmar Translation) (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ