Ch 77

9.7K 1.3K 76
                                    

For Zawgyi

ကုချင်းဖေ တက္ကစီ စီးကာ လေဆိပ်သို့ ထွက်သွားတော့ ယွမ်ယန် အပေါ်ထပ်သို့ တက်လိုက်သည်။

သူ၏ အရေးကြီးသော ပစ္စည်းများကို ကုချင်းဖေ အိမ်တွင် ထားထားပြီးသားဖြစ်သောကြောင့် အခန်းပတ်ပတ်လည်တွင် အတော်ကြာရှာလိုက်ရာ ပတ်စ်ပို့ တွေ့သည်။

ပတ်စ်ပို့ ပိုက်ဆံအိတ်ကိုယူကာ ကုချင်းဖေ သွားသော လေဆိပ်သို့ လိုက်သွားသည်။

လမ်းပေါ်၌ပင် သူ့သူယ်ချင်းများဆီ ဖုန်းဆက်ကာ ကုချင်းဖေ စီးမည့် လေကြောင်းလိုင်းကို စစ်ခိုင်းလိုက်သည်။ သေချာပါသည် ကုချင်းဖေ က ဆိုက်ဖန် ကို တကဟ်ကြီးသွားတော့မည်။ ထို့ကြောင့် လေဆိပ်ရောက်ရောက်ချင်း သူလည်း ကုချင်းဖေ သွားသည့်နေရာကို လက်မှတ်ဝယ်လိုက်သည်။ ကုချင်းဖေ စီးမည့် လေယာဉ်နှင့် သုံးနာရီကွာသည်။

သို့သော် စစ်ဆေးသည့်နေရာအရောက် သူမမျှော်လင့်ခဲ့သော အခက်အခဲကို တွေ့ရလေသည်။

ကောင်တာရှိ အမျိုးသမီးပြောသည်က သူ့ ပတ်စ်ပို့သည် ကန့်သတ်ထားသော အာဏာအောက်ရောက်နေသောကြောင့် ဒီနိုင်ငံက သူထွက်ခွာ၍ မရပေ။

ယွမ်ယန် ထပ်ခါထပ်ခါ အတည်ပြုသော်လည်း အဖြေက အတူတူပေ။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပတ်သက်ဆက်နွယ်သော မိတ်ဆွေများနှင့် ရဲဘော်ရဲဘက်များစွာကို သူခေါ်လိုက်သည်။ အချိန်ကြာမြင့်စွာ စမ်းသပ်စစ်ဆေးမှု အပြီး၌ သူ၏ နိုင်ငံကူးလက်မှတ်သည် အကြီးတန်း အုပ်ချုပ်ရေး၏ လက်အောက် ရောက်နေကြောင်း သိရသည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတွင် တင်းကျပ်သော စည်းမျဉ်းများ ရှိသည်။ သူ၏ အထက်အရာရှိထံမှ ခွင့်ပြုချက် စာရွက်စာတမ်းများ မရှိပါက သူသည် နိုင်ငံမှ ထွက်ခွာရန် မဖြစ်နိုင်ပါပေ။ ဘယ်သူက ချုပ်ကိုင်နေပါလိမ့် သူ့မှာ သဲလွန်စလည်းမရှိ

ယွမ်ယန် သေချာစဉ်းစားကြည့်တော့မှပင် ယခုလို လုပ်နိုင်သူသည် သူ့အဖေက လွဲ၍ ဘယ်သူမှမရှိနိုင်

သူမသိလိုက်တာက သူ့အဖေက ကုချင်းဖေ ကို နိုင်ငံမှ ထွက်ခွာစေခြင်းကိုပင်။ ဤအရာအားလုံးသည် ကြိုတင်စီစဉ်ထားပြီးသား ဖြစ်သည်။ သူ့အဖေက သူ့ကို သူလျိုလုပ်နေသည်ကို သိသော်ငြား သူ ဒီကထွက်သွားရန် လိုအပ်နေသည်။

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now