Ch 78

9.7K 1.3K 80
                                    

For Zawgyi

ဝမ်ကျင်း ကိုအတင်း ပြန်ခိုင်း၍ မရ ဘေးအခန်းတွင်နေသော သူ့ကို သူ့အခန်းမှနေ၍သာ စောင့်ကြည့်နိုင်တော့သည်

ဝမ်ကျင်း က သူ့အခန်းပြန်၍ အကျီင်္များ နေရာသွားချနေစဉ် စားပွဲပေါ်ရှိနှင်းဆီပန်းစည်းကို ကုချင်းဖေ ကြည့်မိတော့ ရယ်ချင်သည်။

ပို့ထားသောပန်းကို သူဘာလုပ်သင့်ပါသလဲလေ

ယွမ်ယန် သာဆို ဒီလို အရေးမပါတာတွေလုပ်နေလိမ့်မည်မဟုတ်ပေမဲ့ သူစားဖို့ စားစရာ ပူပူလေးတစ်ခု ယူလာပေးလိမ့်မည်

ယွမ်ယန် အကြောင်း သတိရမိတော့ ကုချင်းဖေ မျက်နှာ မသိမသာ ပြောင်းသွားရသည်။ သူ့ခေါင်းကို တဘက်ဖြင့် နာနာဖိသုတ်၍ အတွေးထဲမှ ပုံရိပ်ကို မောင်းထုတ်လိုက်သည်။

ဆံပင်ခြောက်သွားသောအခါ ကုချင်းဖေ အဝတ်အစားလဲလိုက်သည်။ ခဏကြာလျှင် ဝမ်ကျင်း သူကိုတွေ့ဖို့ လာလိမ့်မည်ဟု သူတွေးမိသည်။ သေချာသည်ပေါ့ ညနေသုံးနာရီကျော်အကြာတွင် ဝမ်ကျင်း က သူ့အခန်းတံခါးကို အသံလာပေး၍ ညစာစားရန် လာခေါ်သည်။

ဝမ်ကျင်း က ရယ်မော၍

"မင်း ဒီမှာတစ်ယောက်တည်းဆို 

ပျင်းနေမယ်လို့ ထင်မိလို့ ကားတစ်စီးငှားထားတယ် … ဒရိုက်ဘာလည်း ငှားထားတဟ်…  အခုချိန်က စောသေးတော့ ကျွန်းကို လိုက်လည်ရအောင် ပြီးမှစားသောက်ဆိုင်ကောင်းကောင်း ရှာကြတာပေါ့ ဒီလိုစီစဉ်ထားတာ မင်းသဘောကျတယ်မလား"

ကု က အားပါးတရ ရယ်၍

"ဝမ် စီစဉ်ထားမှုတွေကို သဘောကျပါတယ်ဗျာ"

လူနှစ်ယောက် ကားထဲဝင်လိုက်သည်။ ကားသမားက သူတို့နှစ်ယောက်ကို ယောက်ယက်ခတ်သွားလာနေကြသော ကမ်းခြေတွင် ကွေ့ကွေ့ကောက်ကောက် မောင်းကာ ခေါ်ဆောင်သွား၏။ ဝမ်ကျင်း ၏ မျက်နှာသည် စီးပွားရေးလောကတွင် တည်ကြည်သောမျက်နှာထားမှ ယခုတွင် ပြုံးနေသော မျက်နှာထားသို့ ပြောင်းလဲသွားကာ ဒရိုင်ဘာနှင့် စကားလက်ဆုံကျနေသည်။

လမ်းလျှောက်သွားရသော လမ်းကျဉ်းထဲတွင် လတ်ဆတ်သော အရာများ မည်သည့် သတင်းစကားကို ကုချင်းဖေ နှင့် ဆွေးနွေးသင့်ပါသလဲ

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now