နောက်တနေ့ နံနက်၌ ဗီဒီယိုကိစ္စကြောင့် ယွမ်ယန် စိတ် ရှုပ်ထွေးရခြင်း

10.2K 1.6K 180
                                    

For Zawgyi

သူတို့နှစ်ယောက် ထိုညက မအိပ်ဖြစ်ခဲ့။ အိမ်၌ ပျောက်ဆုံးသွားသော စာရင်းအသေးစိတ်ကို ပြုလုပ်နေ၍ အချိန်ကုန်သွားသည်။

စစ်ဆေးပြီးအဆုံးတွင် ငွေသားအချို့နှင့် ရွှေထည်ပစ္စည်းများပါသွားသည်။ တန်ဖိုးကြီး ပစ္စည်းများထားသော အလှပြစင်သည် ဖျက်ဆီးခံထားရသော်လည်း ပွင့်မသွားချေ။ တန်ဖိုးအသင့်အတင့်ရှိသော ပစ္စည်းများကို မသွား၏။

ဒီသူခိုး အရသာကို မခံတတ်ဘူးပဲ တန်ဖိုးကြီးပစ္စည်းများကို ချန်ထားပြီးမ,သွားသည်လေ။

ဆုံးရှုံးမှုက မကြီးမားလှသော်လည်း ကုချင်းဖေ စိတ်တော့ပျက်မိ၏။ အဖျက်ဆီးခံထားရသော အိမ်ကိုကြည့်ပြီး ခေါင်းကိုက်လာသည်။

ယွမ်ယန် ကို သမင်လည်ပြန်ကြည့်မိတော့ မှုန်သုန်နေသည်ကို တွေ့ရ၍ စိတ်သက်သာစေရန်အလို့ငှာ

"ယူသွားတာက ယွမ်တသောင်းကျော်လောက်ပဲရှိပါတယ် ... သိပ်မများပါဘူး ... မင်းကော အဲ့လိုမထင်ဘူးလား"

သူ့မျက်နှာသည် သောက မကင်းဝေးပေ။ သူ့စိတ်ကို ပြန်သာစုစည်းလိုက်ရသော်လည်း စိတ်ထဲမပါလှပေ။

ကုချင်းဖေ ကိုပြောလိုက်သည်

"သွားအိပ်တော့လေ ... ကျွန်တော်ရှင်းထားလိုက်မယ်"

"ထားလိုက် ... နေရောင်တောင်ထွက်လာပြီ... နှစ်ယောက်လုံး ပင်ပန်းထားတာပဲ ...သွားအိပ်ရအောင်... ပြီးမှ ရှင်းကြမယ်လေ"

ယွမ်ယန် က ခေါင်းခါပြပြီး ဆေးလိပ်သောက်ရန် သူ့အကျီင်္အိတ်ထဲမှ စီးကရက်ဘူးကိုထုတ်လိုက်ပီး တလိပ်ထုတ်လိုက်ကာ ခေါင်းက ငိုက်စိုက်လျက်

"ကျွန်တော်အိပ်မပျော်ဘူး ...ခင်ဗျားပဲအိပ်လိုက်ပါ"

"မင်းဘာဖြစ်နေတာလဲ ... ကွန်ပျုတာထဲ ဘာအရေးကြီးတာပါလို့လဲ"

ယွမ်ယန် သည် တုန်တုန်ယင်ယင်ဖြင့်ပင် မီးခြစ်ကို ခြစ်လိုက်သည် ထွက်လာသော မီးတောက်သည် သူ့လက်ကို အနည်းငယ်နာကျင်စေသော်လည်း နှလုံးသားကမူ အဆုံးမဲ့ ပြေးလွှားနေလျက်။ သူ ငြိမ်သက်စွာ ပြောလိုက်သည်။

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now