အဆိုးအပေလေးနှင့် တွေ့ဆုံခြင်း ၁ (Zawgyi+Unicode)

190K 5.9K 117
                                    

For Zawgyi

"ကျားကျား မင်း ဘယ်လိုရောက်လာတာလဲ ဥက္ကဌ အသစ် မကြာမီရောက်လာမယ်လို့ ဒရိုင်ဘာက ငါ့ကို စာပို့ပြီး ပြောထားတယ် ... အဲကွန်း ဖွင့်ထား ပြီးရင် သူ့အခန်းထဲက ရေနွေးအိုးအဟောင်း မကောင်းတော့ရင် အသစ်နဲ့ လဲထားလိုက်ဦး "အမှုဆောင် အရာရှိချုပ် ကျန့်ရှ က ပြောလိုက်သည်။

အတွင်းရေးမှုးမိန်းကလေးသည် ကိုယ်ဝန်၆လခန့်ရှိသော်လည်း သူမ ဖိုင်များကို ကိုင်ထားလျက် အရှေ့ဘက်ရှိ စားပွဲခုံအသစ်ဆီသို့ အမြန်ဆုံး ရောက်သွားသည်။

"ကျန့်ရှ ကျွန်မ မကြာခင်ပြီးအောင် လုပ်လိုက်မယ်" အထုပ်တွေကို ချထားလိုက်ပြီ သော့ခတ်ထားသော လျှပ်စစ်တံခါးကို ကတ်ထိုး ဖွင့်လိုက်ပြီး အလျင်အမြန် တဟုန်ထိုး ဖြတ်သွားသည်။ဖြတ်ပြီးချင်း လျှပ်စစ်ရေးနွေးအိုးအသစ်တစ်လုံးရှာရန် ပြေးလာပြန်သည်။

ရေနွေးအိုးကို သူမ တတ်နိုင်သမျှ ပွတ်တိုက်၍ သန့်ရှင်းရေးလုပ်ပြီးနောက် ဥက္ကဌ ရုံးခန်းထဲသို့ သွားထားလိုက်သည်။
မကြာမီမှာပဲ ကုမ္ပဏီ ရှေ့တံခါး တစ်ဖက်တစ်ချက်စီ ပွင့်သွားပြီး လူ၂ယောက်ဝင်လာသည်။ ကျန့်ရှ နဲ့ ကျားကျား တို့ ၂ယောက်လုံး တစ်ချိန်တည်းမှာပင် သူတို့ကို မြင်လိုက်သည်။

ကုမ္ပဏီ ဒရိုင်ဘာ လောင်ကျောက် ကို သူမ အရင်သတိပြုမိသည်။ လောင်ကျောက် သူ့နောက်က လူကို စကားပြောရင်း အရှေ့ကို လမ်းလျှောက်လာသည်။

အချိုးအစားကျကျ ဘောင်းဘီ နဲ့ အဖြူရောင် ရှပ်အင်္ကျီ ကို ဝတ်ဆင်ထားသော လူတစ်ယောက်က ခပ်မိုက်မိုက် လမ်းလျှောက်လျက် လောင်ကျောက် နောက်မှာ ပါလာသည်။
ဆံပင်အနက်ရောင် ရွှေရောင်အနားကွပ်မျက်မှန်ကို တပ်ထားပြီး ယောက်ျားပီသ ခန့်ညားလျက် လူတိုင်း အမှန်တကယ်ကို စွဲမက်စေသောအပြုံးချိုချို နဲ့ ထိုလူထံတွင် ကျန့်ရှ နဲ့ ကျားကျား တဒင်္ဂ နစ်မြော၍ ကျရှုံးလုနီးနီး ဖြစ်သွားခဲ့သည်။

လောင်ကျောက် အလျင်အမြန် မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ပြီး "ကျန့် လေး ဒါက လူကြီးမင်း ကု"
ကျန့်ရှ တစ်ယောက် ရှက်စိတ်ကြောင့် မျက်နှာ နီမြန်းနေလျက်ပင် သူ့ကိုယ်သူ ခါယမ်းကာ ပြောလိုက်သည်။

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now