စမတ်ကျတဲ့သူတွေလည်း ကြယ်သီးအဖြုတ်ခံရနိုင်တာပဲ (Zg+Uni)

18.3K 2.8K 56
                                    

For Zawgyi

ကုချင်းဖေ သူ့ကိုနှုတ်ဆက်ခဲ့တဲ့လူငယ်ဆီ Menu ကမ်းပေးလိုက်သည်။

"ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်လဲ"

"ကျွန်တော့နာမည်က ကျန်းလီ ပါ.... ကျွန်တော့ကို ရှောင်ကျန်း လို့ ခေါ်နိုင်ပါတယ် Boss ဂရုစိုက်ပေးပါဦး... အစ်ကို မှာပြီးသားဆိုတော့ ကျွန်တော်ထပ်မမှာတော့ပါဘူး"

"မင်းတခုခုတော့ စားသင့်တယ် ... အစပ်စားနိုင်လား.."

"အရမ်းတော့ မစားနိုင်ဘူးဗျ ... အာ .... ဒီမှာ ဝိုင်နဲ့ အသား ရတာပဲ"

ကုချင်းဖေ က ပြုံး၍ ပြောလိုက်သည်

"ဘယ်လိုဝိုင် အမျိုးအစားကို သောက်ချင်တာလဲ"

"ဘီယာ"

"ကောင်းတယ် "

ကုချင်းဖေ သည် ဝိတ်တာကို အချက်ပြခေါ်ကာ ဟင်းပွဲ အနည်းငယ် ဘီယာ တဒါဇင်နှင့် တခြားသောက်စရာများကို ထပ်မှာလိုက်သည်။

သောက်စရာတွေ ရောက်လာပြီး စားပွဲပေါ်မှာ ပြည့်သွားသည်။

"ကဲ အကုန်ဗိုက်ဆာနေပြီလို့ ထင်တယ်... စားရအောင်"

"အလျင်မလိုပါနဲ့ဦး ..အရင်သောက်ရအောင် ကျွန်တော်တို့ ယွမ်ယန် နဲ့ မတွေ့ဖြစ်တာ တော်တော်ကြာနေပြီ... ဒီနေ့ Mr.ကု နဲ့ပါတွေ့ဆုံရတယ်ဆိုတော့ အထိမ်းအမှတ်အနေနဲ့ သောက်ရမယ်လေ"

ကိုယ်စီ ကိုယ်စီ ဝိုင်ကို ငှဲ့ကြသောအခါ ကုချင်းဖေ က ရပ်ဖို့ လက်ဟန်ခြေဟန်ပြကာ ပြုံး၍ ပြောလေသည်။

"ကိုယ်တောင်းပန်ပါတယ်ကွာ ...ကိုယ်ကအရက်သောက်ရင် အပြင်းအထန်ဓါတ်မတည့်တဲ့ ရောဂါရှိတယ် မတော်တဆဖြစ်ရပ်ကနေ ကိုယ့်ကိုယ်ကို ကယ်ထားရတာ ... ဒါကြောင့် မင်းတို့ကို အရိုအသေပေးဖို့အတွက် ကိုယ် လက်ဖက်ရည်ကိုပဲ သောက်ရလိမ့်မယ်.."

လူတိုင်း တိတ်ဆိတ်ကုန်လေသည်။သူတို့ ကုချင်းဖေ ကိုကြည့်နေပြီး ဒါကိုမယုံဘူးဆိုတာ သိသာနေလေရဲ့။

ကျန်းလီက ရိုးရိုးသားသားပင် တင်းမာနေသော အခြေအနေကို လျော့သွားစေရန် ခွက်ထဲသို့ အရက်များကို လောင်းထည့်လိုက်သည်။

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now