CHAPTER 70 ဟင်းက စောင့်နိုင်တယ်... ကျွန်တော် ခင်ဗျားကိုစားချင်တယ်

10.5K 1.6K 30
                                    

For Zawgyi

ဟိုတဟ်သို့ ရောက်သောအခါ ယွမ်ယန် သည် ကုချင်းဖေ ဆီသို့ ဖုန်းခေါ်လိုက်သည်။

ဖုန်းကိုင်လိုက်သည်နှင့် တဖက်က အားပျော့လှသော  ကုချင်းဖေ အသံကို သူကြားလိုက်ရသည်။

"ယွမ်ယန်"

"ခင်ဗျားဘယ်မှာလဲ သူနဲ့အလုပ်တွေပြီးသွားပြီလား … သူနဲ့ကော ထမင်းအတူစားသေးလား … အိမ်ကို ပြန်ရောက်နေပီလား"

"သူနဲ့ စားသောက်ပြီးစီးသွားရင် ကိုယ်မွေးရပ်မြေပြန်တော့မလို့"

'ယွမ်ယန် က မကျေနပ်သည့်အသံဖြင့်

"ဘာတွေပြောနေတာလဲ"

ကုချင်းဖေ မျက်ရည်များကြားပြုံးမိသည်။

"ယွမ်ယန်  မင်း ဝမ်ကျင်း ကို သဘောမကျမှန်း ကိုယ်သိပါတယ် … မင်း ကိုယ့်ကို အရမ်းပင်ပန်းအောင် လုပ်ပြီးပြီလေ … ကိုဟ် ရန်စကားပြောဖို့ အားမရှိတော့ဘူး"

ယွမ်ယန် တခဏတော့ ငြိမ်သက်သွားပြီးမှ

"ကူမ္ပဏီကို ထားခဲ့လိုက် … ခင်ဗျား အေးဆေးသာ အနားယူ ခင်ဗျားဘယ်သွားသွား ကျွန်တော်က ခင်ဗျားနဲ့ပဲနေမှာ"

ကုချင်းဖေ သက်ပြင်းချလိုက်ပြီး

"မင်း ကိုယ်နဲ့လိုက်လို့မရဘူး … ကိုယ့်အတွက်လိုအပ်တာပဲ လုပ်ပါ"

"ကျွန်တော်က ခင်ဗျားနောက်လိုက်ချင်တယ် … မဟုတ်ရင် ခင်ဗျားက ကျွန်တော့နောက်လိုက်နေ"

"မင်းလည်း ကိုယ့်နောက်မလိုက်ရဘူး… ကိုယ်လည်း မင်းနောက်လိုက်မှာမဟုတ်ဘူး… မင်း မရင့်ကျက်သေးသရွေ့ ကိုယ့်ဘဝတစ်ခုလုံးကလေးပဲ ထိန်းမနေချင်ဘူး"

ယွမ်ယန်  ရင်ထဲ တင်းကျပ်သွားရ၏

"ကျွန်တော်မြင်နိုင်တဲ့ နေရာမှာ ခင်ဗျားနေလေ…  ကျွန်တော် ကောင်းကောင်း အရွယ်ရောက်လာတဟ်ဆိုတာ ခင်ဗျားကို ပြမဟ်လေနော်"

ကုချင်းဖေ ငြိမ်နေ၏

ယွမ်ယန် က ကုချင်းဖေ နှင့်သူ ပိုမိုနီးကပ်လာစေသယောင် သူ့ဖုန်းကိ့ သူ့မျက်နှာနီးကပ်အောင် ထားလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now