အာဝုလေးက အရိုးကို စောင့်ကြပ်ကြည့်ရှုပေးရန် အပြင်ဘက်တွင် အခဲခံနေရှာသည်

10.3K 1.6K 151
                                    


Chapter 68

ကုချင်းဖေ သည် အိပ်ရာထဲသို့ စောစောရောက်သွားသော်ငြား ညဥ့်နက်မှပင် အိပ်ဖြစ်ခဲ့သည်။ သူ့မိဘနှစ်ပါးကို သတိရမိသည် ပြန်လာခဲ့၍ ဘေးကျပ်နံကျပ် အခြေအနေကို ရင်ဆိုင်နေရမည့်အစား ပျော်ရွှင်ဖွယ်အားလပ်ရက်ကို သူ၏ မိဘများနှင့် ဖြတ်သန်းရသည်က ပို၍ ကောင်းပေဦးမည်။

နောက်တနေ့ နံနက်တွင် ဖုန်းမြည်သံကြောင့် သူနိုးလာသည် ဖုန်းခေါ်သူကို ကြည့်လိုက်တော့ ဝမ်ကျင်း

"အကို Happy New Year "

"ကု ကိုယ် မင်းကို နှိုးလိုက်သလိုဖြစ်သွားလား … ကိုယ်တို့အသက်အရွယ်က ဇိမ်နဲ့ အိပ်ရတာ ကောင်းတော့ ကောင်းပါတယ်… မင်းကတော့လေ … နှစ်သစ်ကို အပျင်းနဲ့ စမလို့လား "

ဝမ်ကျင်း က အပြုံးလေးဖြင့် ပြောသည် လေသံက ရင်းနှီးလွန်းသည့် လေသံပင်။

"မဟုတ်ပါဘူး … ညက ကျွန်တော် ကော်ဖီသောက်လိုက်တော့ မျက်စိကြောင်ပြီး ညဥ့်နက်မှ အိပ်ပျော်သွားတာ"

"ဟားး မအိပ်သေးခင် ဘာကော်ဖီကိုများ သောက်လိုက်မိလို့လဲ … ထားပါတော့ ပေကျင်း ကို ပြန်ရောက်ပြီဆိုတော့ ကိုယ့်အတွင်းရေးမှူးကပြောတယ် …  ကိုယ်ဒီနေ့ နေ့လည်အားတယ်တဲ့ မင်းရော အချိန်ရှိလား"

"နေ့လည်ကျ……"

ကုချင်းဖေ အကျင့်အရ လာမည်ဟု ကတိပေးလိုက်သော်ငြား ရက်ပိုင်းအတွင်း ကုမ္ပဏီက ထွက်သွားရတော့မည်ကို သူရုတ်ချည်း သတိရလိုက်သည်။ အခုတော့ ကုမ္ပဏီကို ဘယ်လိုများ ဆက်လက်ကိုင်တွယ်ပြီး ဝမ်ကျင်း နဲ့ စီမံကိန်းအကြောင်း ဘာဆက်ပြောစရာများ ရှိနေပါသေးလဲ

"ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး … နေ့လည်ဘယ်အချိန်တွေ့မလဲ"

အကယ်၍ သူလက်မှတ်ထိုးနိုင်ခဲ့လျှင် အကောင်းဆုံးဖြစ်လိမ့်မည်ဟု သူထင်မိသည်။ ယွမ်လိကျန်း အပေါ် အပြစ်ရှိသလိုလည်း ခံစားရသည်။ အရာရာတိုင်းကို ပြီးဆုံးအောင် လုပ်တတ်သော အကျင့် သူ့မှာ ရှိသည်။ အားလုံးကို လက်လွတ်စပယ်ပစ်ပြီး သူထွက်သွားပါက ရှက်ဖို့ကောင်းသည်ဟုလည်း တွေးမိသည်။

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now