ရှက်စရာကောင်းလိုက်တာ.... လက်ဖက်ရည်တစ်ခွက်တောင်ကောင်းကောင်းမယူနိုင်ဘူး ၁ (Z+Uni)

27.4K 3.3K 92
                                    

For Zawgyi

ယွမ်ယန် ခွက်နှစ်ခွက်ထဲသို့ လက်ဖက်ရည်ကို စိတ်မပါစွာဖြင့် ငှဲ့လိုက်သည်။ ယွမ်လိကျန်း သည် ကုချင်းဖေ နှင့် အလုပ်ကိစ္စဆွေးနွေးရန် ဆိုဖာပေါ်သို့ ရွှေ့ထိုင်လိုက်သည်။ အခုချက်ချင်း သူအလုပ်လုပ်လေသည်။

ကုချင်းဖေ မှတ်စုစာအုပ်ကို ထုတ်၍ လိကျန်း ပြောသည်ကို နားထောင်ရင်း အာရုံစူးစိုက်၍ လိုက်မှတ်နေလိုက်၏

ယွမ်ယန် တစ်ယောက် ကုချင်းဖေ ဘေးနားက ဆိုဖာပေါ်မှာထိုင်၍ ကု နဲ့ ၃ပေလောက်သာ ကွာသောကြောင့် အရမ်းကို ရှင်းရှင်းလင်းလင်းမြင်နေရပြီး မြင်ကွင်း ကြည်လင်ပြတ်သားနေလေရဲ့။

{ကုချင်းဖေ ရဲ့ လက်ရေးက သေသပ်ပြီး ဘောပင်နဲ့ရေးထားတာ တော့ ပိုပြီးတောင် ထင်ရှားသေးတယ် စာအရေးအသားအဆွဲအငင်ကလည်း ယေဘုယျအနေနဲ့ ထူထပ်ပြီး ဒါကိုကြည့်လိုက်တော့ ယောက်ျားဆန်ပြီး အားသန်တဲ့ လက်ဆိုတာကို ဖော်ညွှန်းနေတာပဲ }

လူရှေ့သူရှေ့ ရောက်ရင် ကိုယ့်အသွင်အပြင်ကို အလွန်အကျုး ပြုပြင်တတ်တဲ့သူမျိုးဆို ယွမ်ယန် တကဟ် ကြည့်လို့ကို မရဘူး ။ ကု ကတော့ မဆိုးပါဘူး ဒီလို မျိုးဝတ်စားတတ်ပေမဟ့် တစ်ယောက်ယောက်ကသာ သူ့ကို အသေးစိတ် လိုက်ကြည့်ရင်တောင် အရည်အသွေးပြည့်မီတဲ့ လူတစ်ယောက်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်မှာပဲ။ ဒီလိုအိုဗာတင်း ပြင်ဆင်မှုတွေကို ယွမ်ယန် အထင်မကြီးဘူးဆိုတာ လူတော်တော်များများက မသိကြဘူး။

ယွမ်ယန် ဖရိုဖရဲပုံပေါက်နေသော လူများနဲ့ ပရမ်းပတာ နေချင်သလို နေရတာကို အကျင့်ဖြစ်နေပြီ။ဒါပေမယ့် ဘဝကို အဆင့်အတန်းမြင့်မြင့် ဖြတ်သန်းလာတဲ့ Gu လိုလူနဲ့ မျက်နှာချင်းဆိုင်ရတဲ့အခါ ကု ကိုနားမလည်နိုင်သလို သူ့ကိုလည်း သက်သောင့်သက်သာ မဖြစ်စေဘူး။ ဒါကြောင့် ကု ရေးနေတဲ့စကားလုံးတွေကဘာလဲဆိုတာ မသိချင်ဘူး ဒါပေမယ့်လည်း ဘာတွေရေးနေလည်းဆိုတာကိုလည်း ပိုမြင်ချင်မိတယ် ဘယ်လိုဖြစ်လို့ ငါ ဝိရောဓိ ဖြစ်နေတာပါလိမ့်။

{ယွမ်ယန် ရဲ့ သီအိုရီအရ လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သိချင်ရင် သူ့လက်ရေးကို ကြည့် ဆိုသလို ကု လက်ရေးကို မြင်တော့ ယွမ်ယန် သူ့ကို ပိုစိတ်ဝင်စားသွားပြီ။}

Beloved Enemy (Myanmar Translation) (Completed)Where stories live. Discover now