Gu ခင်ဗျားကဂေး?Bi?အရှက်မရှိတာလား?or ၃ခုလုံးလား (Zg+Uni)

18K 2.5K 281
                                    

For Zawgyi

နောက်တနေ့ နံနက်ခင်းအရောက်

ကု သည် ကွန်ပျူတာအိတ်ကို လွယ်၍ ဆင်းလာရာ အောက်တွင် သူ့ကို စောင့်နေသော ယွမ်ယန် ကို တွေ့ရသည်။ဒီနေ့က အေးလည်းအေးသည်။ သို့ပေသိ ယွမ်ယန် ကားထဲမှာ စောင့်မနေဘဲ တံခါးဘေးမှာ ဖုန်းကလိရင်း စောင့်နေသည်။

ယွမ်ယန် ကို မြင်တော့ ကု အပြုံးမမည်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ ယွမ်ယန် က သူ့ကို ကြည့်ကာ ပြောလာသည်။

"ကု ဆရာသမား .. ခင်ဗျားကြည့်ရတာ နေသိပ်မကောင်းပုံပဲဗျ... ပြသနာ တစ်ခုခုများရှိလို့လား"

ကု က တခစ်ခစ် သဘောတကျရယ်လျက်

"ကိုယ်က ဘာမှမဖြစ်ပါဘူး ..မင်းသာ ဖုန်းအလွန်အကျွံသုံးတတ်တဲ့ မကောင်းတဲ့ အကျင့်ရှိနေပုံပါ"

ယွမ်ယန် က နှုတ်ခမ်း စူချင်သယောင်ယောင်ဆောင်ကာ သနားစရာကောင်းသည့်လေသံလေးဖြင့်

"အာ နည်းနည်းပါးပါး ကစားရုံလေးပါ.. ခင်ဗျားလည်း သိတဲ့အတိုင်းပဲ ကျွန်တော့မှာ ဖုန်းဘေတောင်မရှိဘူး.. အဲ့တော့ ဖုန်းက ကစားရုံသက်သက်ပဲလေ.. ဒီလိုမနက်ခင်းအစောလေးမှာ ဒီလိုသတင်းလေး ကြားရတော့ ကု ပျော်နေမှာပါ..."

ကု က ပြုံးလျက် ကားတံခါးကိုဖွင့်လိုက်သည်။

"သေချာတာပေါ့ မင်းလည်း ကုမ္ပဏီကို ရောက်တာ တလပြည့်ပြီ ... မနက်ဖန် လစာရမဟ်.. လစာရ ရင် အကျီင်္ထူထူ ၂ထည်ဝယ်ထား ...

လေအေးတွေက ယွမ်ယန် ရင်ထဲက သောကမီးတွေကို ဖျက်ဆီးစေနိုင်တယ်နော်."

ယွမ်ယန် က ဖုန်းကို သူ့အိတ်ထဲ ထည့်လိုက်ပြီး လက်၂ဖက်ကို ပွတ်ကာ ပြောလာသည်

"အေးချင်သလောက် အေးပါစေ ... ကျွန်တော့ကတော့ မမှုပေါင်ဗျာ... လစာရလို့ကတော့ ကျနော့ ဗိုလ်ချုပ်ကြီးကု အတွက် ဖင်မှာလိမ်းရအောင် လိမ်းဆေးကောင်းကောင်းတစ်ခု ဝယ်ပေးမယ်နော်

ဆေးနာမည်က ဘာပါလိမ့်.. ကု ကော လိမ်းဆေးနာမည် မှတ်မိသေးလားဗျ"

မျက်မှန်တပ်ထားသောကြောင့် သူ့ရဲ့စိတ်လှုပ်ရှားမှုများဟာ မျက်မှန်နောက်မှာ ပုန်းခိုနေလေရဲ့

Beloved Enemy (Myanmar Translation) (Completed)Dove le storie prendono vita. Scoprilo ora