အခန်း (၁၂၄) ကျောက်စိမ်းသစ်တောတောင်က ပန်းပဲဆရာတွေသာ အတော်ဆုံး

Start from the beginning
                                        

ကျောက်စိမ်းပြားလေးထက်က အဖြူရောင်ပုံရိပ်ယောင်လေးကလည်း မျက်တောင်အနည်းငယ်ခတ်သွားပြီးတော့ ခဏကြာတော့ စကားထပ်ပြောတယ်။

" ပန်းပဲပြုလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေအပြင် တခြားအတိုအစတွေက လက်ဖွဲ့ဂါထာပြုလုပ်ဖို့ လိုအပ်တဲ့ အင်းကွက်စာရွက်တွေရယ်... အကာအရံစည်းချဖို့ လိုအပ်တဲ့ မှော်အလံတိုင်တွေရယ်...ပြီးတော့ ပထမဆင့်ကနေ အဌမဆင့်ရှိတဲ့ မှော်သတ္တဝါဥတွေရယ် မပေါက်သေးတဲ့ မှော်သတ္တဝါဥတွေပေါ့...အင်း ဒါပေမယ့် မင်းမှာ နှမ်းလေးရှိနေပြီဆိုတော့ ဒါတွေ မလိုအပ်တော့ပါဘူး "

ကျူးယောင်လည်း ခဏလောက်တော့ ကြက်သေသေသွားတယ်။ သူ့ဆရာက သူ့ကိုအဌာရသ (၁၈)ရပ်လုံး သင်ပေးပြီး အရာရာကျွမ်းကျင် ပညာရှင်များ ဖြစ်စေချင်နေတာလား။ သူ့ဆရာ ပြောပြလိုက်တဲ့ပညာရပ်အကြောင်းတွေ သိရမည့်အကြောင်းတွေက များလွန်းလို့ သူ ခဏလောက် သေသေချာချာ
အချိန် ပြန်ယူပြီး စဥ်းစားဖို့တောင်လိုနေပြီ။

ပုံရိပ်ယောင်အငယ်စားလေး ယုယန်ကတော့ တည်ငြိမ်အေးဆေးတဲ့အသွင်ရှိဆဲပဲ။ သူ့လို အရာရာတတ်သိတဲ့ ဆရာတစ်ယောက်အနေနဲ့ သူသိသမျှကို ဆရာစားမချန် တပည့်ကို သင်ပေးရမယ့်တာဝန် သူ့မှာ ရှိတယ်လေ။ သေချာပေါက်ကို သင်ပေးရမှာပေါ့။

ဒီပစ္စည်းသိမ်းအိတ်ထဲက မှော်လက်နက်ပစ္စည်းတွေ အဆောင်လက်ဖွဲ့ဂါထာတွေ မှော်သတ္တဝါဥတွေ ဒီဟာတွေအကုန်လုံးက သူ တပည့်ရဖို့ စောင့်နေတဲ့ နှစ်ပေါင်းတစ်သောင်းခြောက်ထောင်အတွင်း အပျင်းပြေဆော့ဖို့ စုဆောင်းထားတာ မဟုတ်ရပါဘူး။ တကယ်ကို မဟုတ်ဘူး။

" အကာအရံစည်းချတာ မှော်သတ္တဝါမွေးမြူတာ အဆောင်လက်ဖွဲ့ဂါထာစီရင်တာ မှော်လက်နက်ပစ္စည်းပြုလုပ်တာ ဆရာ အားလုံးကို တတ်တယ် ဒါပေမယ့် ဆေးလုံးဖော်စပ်တာကျတော့ရော "
ကျူးယောင်လည်း လစ်ဟာနေတဲ့
အကွက်တစ်ကွက်ကို သတိထားမိလိုက်တယ်။

" ဆေးလုံးတွေ ဖော်စပ်တာနဲ့ပတ်သက်ပြီး မင်း သိစရာမလိုပါဘူး "

ယုယန်က မျက်မှောင်ကြုတ်သွားတယ်။ မှော်ဆေးလုံးတွေနဲ့ပတ်သက်လို့ ဆရာက ငြင်းဆိုနေဆဲပဲ။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now